Part-21(Zawgyi & Unicode)

12.9K 752 75
                                    

Unicode

"မပြီးနိုင်သောရန်ပွဲများနဲ့ ဇိမ်းခါနွယ်"

"21 ရာစုရဲ့ဆိုဆုံးမမှုအမဲ့ဆုံး မမလေးတစ်ယောက်"

"ကုဋေရှစ်ဆယ်သူ‌ဌေးသမီးလေးရဲ့ ဇာတ်သိမ်းခန်းတစ်ခု"

"ဇိမ်းခါနွယ်နဲ့ Khar ရဲ့မှောင်မိုက်နေတဲ့ အနာဂတ်"

"အိမ်ရှေ့စံမင်းသမီးနေရာအတွက် ရွေးချယ်ပွဲမှာ ဇိမ်းခါနွယ်ရဲ့ကျရှုံးခန်း"

"အရေးပေါ်ခန်းကသမီးဖြစ်သူကို ဥပေက္ခာ ပြုထားတဲ့ အဖေတစ်ယောက်"

ညတွင်းချင်ပင် ဆိုရှယ်လ်မီဒီယာထက်မှာ ခေါင်းစဉ်အမျိုးမျိုးအောက်က ဇိမ်းရဲ့နာမည် ဆိုးဟာ တစ်ဟုန်ထိုးနေရာယူသွားရသည်။အရင်ကဆို ဇိမ်းပြသာနာတွေတတ်လာတိုင်း ဥက္ကဌကြီးတည်ရှိနေမှုကြောင့် ဆိုရှယ်လ်မီဒီယာ‌ ပေါ်တက်လာသမျှသတင်းတိုင်းက မိနစ်ပိုင်းအတွင်းဖျက်စီးခံလိုက်ရသည်။အခု တော့ ဆေးရုံခန်းထဲက သ‌နားစရာဇိမ်းအတွက် တစ်စုံတစ်ယောက်မှရှိမနေပေ။

*****

ခက်နောင်ချို သတင်းတွေကြားပြီးထဲကတစ်စက်မှငြိမ်ငြိမ်လေးနေသည်ကိုမရှိသေးပေ။ 5နာရီကျော်ကြာတဲ့ဒီခွဲစိတ်မှုကိုသူအကောင်း ဆုံး အဆုံးသတ်နိုင်ခဲ့သော်လည်းသူ့မှာမိနစ်ပိုင်းမျှသာအသက်ရှူချောင်ခဲ့သည်။ ဖြိုးဇာ နည်ရဲ့ပြောပြချက်တွေကြောင့်သူ့မှာအသက် ရှူတောင်မ‌ဝတော့ပေ။ လူနာကလည်း သတိမလည်လာသေးတဲ့ အခိုက်မတန့်မှာတာ၀န်ယူထားတဲ့ဆရာ၀န်တစ်ယောက်အနေနဲ့ချက် ချင်းကြီးပြန်သွားတဲ့ တာ၀န်မဲ့တဲ့အလုပ်မျိုးသူမလုပ်နိုင်ပေ။

အခု မနက် (3) နာရီတိတိထိသူ့မှာတစ်စက်မှမအိပ်စက်ရသေးပေ။ သဒ္ဒါနဲ့ဖုန်းအဆက် အသွယ်ရပေမယ့် ဇိမ်း သတိမလည်သေးတဲ့အကြောင်းသာသူကြားနေရသည်။ သူ့ရင်ထဲအတော်လေးစိုးထိတ်ရသလို၊နှလုံးသားတစ်ခုလုံးလည်းတင်းကြပ်နေမိသည်။

သူ့‌အနေနဲ့ သူ့လူတွေကိုဖုန်းဆက်ပြီးလှမ်းအကြောင်းကြားထားဖို့သာရှိသည်။

"ဟဲလို"

"ဟုတ်ကဲ့ အစ်ကို။"

"အခုဆိုရှယ်လ်မီဒီယာမှာရှိနေတဲ့ အဲ့စောက်သုံးမကျတဲ့ သတင်းတွေကိုဖျက်ချဖို့အချိန်ဘယ်လောက်လိုမလဲ။"

11:11 {အချစ်တို့အစပျိုးချိန်}Where stories live. Discover now