Part-5 (Zawgyi & Unicode)

13.2K 504 32
                                    

Unicode

"မင်း!...မင်းကို ဟို ဂေါက်သီးပုလင်းကွဲ"

"ဘာ!!...ဘာပြောတယ် ဂေါက်သီးပုလင်းကွဲ"

"အင်း မင်းလေ။"

ဒီလူပြောလိုက်သည့်အခေါ်အဝေါ်ကြောင့်ဇိမ်းတစ်‌ယောက်လည်ချောင်းခြောက်သလိုခံစားလိုက်ရသည်။ အမှန်ဆို သူမလိုဆတ်ဆတ်ထိမခံတတ်သူအဖို့ ဒီစကားကိုပြန်ရန်တွေ့မည်မှန်သော်လည်း ထိုအသုံးအနှုန်းက လည်းအမှန်သာဖြစ်နေသည်။  

သူမရဲ့ကိုင်းအနက်ရောင်ပါသောနေကာမျက် မှန်ကို ခေါင်းပေါ်တင်လိုက်ရင်း၊ထိုလူ့အားမျက်၀န်းထောင့်မှကပ်ကြည့်လိုက်သည်။အဖြူနဲ့မိုးပြာ အစင်းပါသောရှပ်လက်ရှည်ကို စတိုင်ပင်အနက်နဲ့၀တ်ထားသည့် ထိုလူဟာ ဆရာ၀န်ကြီးတစ်ယောက်နဲ့မတူ၊ တက္ကသိုလ်ကျောင်းသားတစ်ယောက်နဲ့ပင်ပိုတူနေသည်။
နှာဖူးပေါ် တစ်စွန်းတစ်စကျနေသောဆံပင်အနက်ချောင်းလေးများကြောင့်လား မသိ အနည်းငယ်ကြည့်ကောင်းနေဟန်ရှိသည်။
ဇိမ်းတစ်ယောက် မျက်စိတစ်မှိတ်အတွင်းခြုံကြည့်ပြီးသော် သူခိုးလူမိသလိုချောင်းတစ်ချက်ဟန့်လိုက်မိသည်။

ခက်နောင်ချို ထိုနေ့ညပြီးသွားထဲကထိုလူနာ ရော၊ ဒီမိန်းကလေးကိုကောထပ်မတွေ့လိုက်ရပေ။ သူသည်လည်းအချိန်ပြည့် သူ့အလုပ်နဲ့သူမို့ ထိုကိစ္စကို မေ့တေ့တေ့ပင်ဖြစ်နေခဲ့ရသည်။ သူ ဒဏ်ရာကိုသေချာဂရုစိုက်လုပ်ပေးခဲ့ပေမယ့်ထိုလူအဆင်ပြေရဲ့လားဆိုတာတော့သိချင်မိသည်။

"အဲ့နေ့က လူနာရောဘယ်လိုနေလဲ။"

"အင်း...ဒေါက်တာ့ကျေးဇူးနဲ့ မသေတော့မသေသွားလောက်ဘူး၊ တစ်နေရာရာမှာတော့ ကောင်းကောင်းမွန်မွန်ရှိနေမှာပါ။"

‌သူမ ပြန်ဖြေလာတဲ့အဖြေကိုသူထူးပြီးမအံ့ ဩတော့ပေ၊သူမလိုလက်ရဲဇက်ရဲနဲ့ခေါင်းမာလှတဲ့ မိန်းကလေးကဒီလိုကမောက်ကမ အ ဖြေမျိုးနဲ့သာလိုက်ဖက်သည်။

"သိချင်တာသိပြီးပြီဆိုလည်း လမ်းတစ်ချက်လောက်ဖယ်ပေး"

ခက်နောင်ချို သူမအပြောကိုစကားမဆိုတော့ဘဲသူမလျှောက်သွားနိုင်ရန်အတွက်သူ့ခန္ဓာကိုယ်ကိုအနောက်သို့ခြေလှမ်းသုံးလှမ်းလောက် ဆုတ်ပေးလိုက်တော့သည်။

11:11 {အချစ်တို့အစပျိုးချိန်}Where stories live. Discover now