Part-16(Zawgyi & Unicode)

11.7K 685 65
                                    

Unicode

"ဦးခက် ဘယ်ဟာလေးပိုလှလည်း၊ အစိမ်းလေးလား ခရမ်းလေးလားဟင်"

ခက်နောင်ချိုသူ့ရှေ့ကအင်္ကျီနှစ်ထည်ကိုသူမမျက်နှာလေးနဲ့အရောင်ဟပ်ပြရင်းမေးနေသည့် ကောင်မလေးကိုကြည့်ရင်းသူ့မှာရွေးရခက်နေသည်။အခုဇိမ်း၀ယ်သမျှအင်္ကျီတိုင်းက ခက်နောင်ချိုရွေးချယ်ပေးထားသည့် အင်္ကျီလေးတွေသာဖြစ်သည်။သူဟာ မိန်းက လေးတွေအတွက်အခုလိုသီးသန့်ကြီးမရွေးဖူး‌ခဲ့သည်မို့ သူ့ဆီမှာအမြင်တော့သိပ်မရှိလှပေ။သို့သော်လည်း ဖက်ရှင်အမြင်မရှိတဲ့သူ့ကိုသူမကယုံကြည်ကာ ‌ဆုံးဖြတ်ခိုင်းသည်။

"ဇိမ်းနဲ့ နှစ်ထည်လုံးနဲ့လိုက်တယ်။ဒါပေမယ့် ကိုယ်က‌တော့အစိမ်းလေးကို ပိုသဘောကျတယ်။"

"အစိမ်းလေးလား?..."

"အင်း။"

"ဟယ်...တို့ဇိမ်းလေး ဆိုင်မလာ‌တာတောင်ကြာပေါ့၊ တို့ကလွမ်းနေရတာပါ"

ဇိမ်းဟာဒီဆိုင်ရဲ့ VIP member တစ်ယောက် ဖြစ်နေသည်မို့ မန်နေဂျာအမကလာနှုတ် ဆက်နေခြင်းဖြစ်သည်။ 

"ဟုတ်တယ်။ ဇိမ်းလည်းကိစ္စလေးတွေများနေတာနဲ့လေ"

"ဆိုင်မှာ ဇိမ်းစိတ်ကြိုက်ပစ္စည်းအသစ်တွေရောက်နေတာ ဘယ်သူမှတောင်မတွေ့ရသေးဘူး၊လာ အမ ရွေးပေးရအုန်းမလား"

"ရတယ်...ဇိမ်းကိုရွေးပေးမယ့်လူပါလာတယ်။"

ဈေးရောင်းသူပီပီ၊ မျက်စိလျင်လွန်းတဲ့ထိုအမျိုးသမီးကဘေးမှာရပ်‌နေသည့် ခက်နောင်ချိုကိုသဘောပေါက်သွားဟန်ဖြင့်ကြည့်လာသည်။ ထိုအမျိုးသမီးက ဘာမှထပ်မဆိုတော့ဘဲ အထာနပ်စွာပြုံးလိုက်သည်။ဒီရုပ် ချောချောနဲ့ လူရဲ့နောက်ခံမိသားစုကဘယ်မိသားစုကများလဲ။
ဇိမ်းခါနွယ်ဆိုတဲ့ကောင်မလေးက ဆိုင်ကိုဘယ်ကောင်လေးမှမခေါ်လာခဲ့‌ဖူးပေ၊သူတို့ရွေးပေးရင်တောင် ဂျီးများလှတဲ့ဒီမမလေးက ဒီလူရွေးပေးတာကိုလက်ခံတယ်ဆိုတော့ဒါဟာ ဒီအသိုင်းဝိုင်းအတွက်သတင်းထူးကြီးတစ်ရပ်ဖြစ်သည်။

ဇိမ်း သူမစိတ်ကြိုက်ရွေး၀ယ်ပြီးသည့်နောက်မှာတော့ အတော်လေးစိတ်ကျေ‌နပ်သွားရသည်။

11:11 {အချစ်တို့အစပျိုးချိန်}Dove le storie prendono vita. Scoprilo ora