Part-38 (Zawgyi&Unicode)

12.7K 558 14
                                    

Unicode

ဇိမ်းတစ်ယောက် မနက်စောစောဆို စော စောစီးစီးထ‌တတ်နေတာ မေမေတို့ရောက်နေထဲကဖြစ်သည်။မနက်တိုင်း မိသားစုတွေအတူတူမနက်စာစားဖြစ်သလို၊ ဦးခက်စောစောပြန်ရောက်တဲ့ညတွေမှာလည်းအတူ တူအချိန်ကုန်တက်ကြသည်။တစ်ခါတစ်လေ ဦးခက်မမနဲ့လည်း ဈေးဝယ်ထွက်ရင်း ဆက်ဆံရေးတွေကိုတည်ဆောက်သည်။ဇိမ်းအပေါ်လုံးဝ အမြင်ကြည်နေတာမျိုးမဟုတ်ပေမယ့် အရင်ကလိုမျိုးရန်စကားစပြောတာမျိုးတော့မရှိသလောက်နည်းလာခဲ့သည်။

ဇိမ်းနဲ့ဒေါသစိတ်ကြီးတာရော၊ မာနကြီးတာရောတူတဲ့ ဦးခက်မမ ကမျိုးတူမို့ ပေါင်းရသင်းရနည်းနည်းတော့ ခက်ခဲသည်။တစ်ခါတစ်လေဆို နှစ်ယောက်သား စကား ပြောရင်း မသိ၊မသာရွဲ့တတ်ကြသည်။အဲ့လိုအချိန်မျိုးဆို ဦးခက်က ဇိမ်းတို့နှစ်ယောက်ကိုခွဲထားပေးရသည်။

အိမ်မှာ တစ်ပတ်ကျော်ကျော်လောက်နေပြီးနောက် ဦးခက်မေမေနဲ့မမတို့ကအိမ်မပြန်ခင်ဘန်ကောက်ကို ဈေးဝယ်ထွက်မည်မို့ ဇိမ်းလိုအပ်တာတွေဝိုင်းကူပေးနေခြင်းဖြစ်သည်။ဇိမ်းကိုပါအတူလိုက်ခဲ့ဖို့ခေါ်ပေမယ့်၊ဒီအပတ်ထဲ ဦးခက်နဲ့အတူတက်ရမည့်ပွဲလေးရှိသည်မို့ မလိုက်ဖြစ်ခြင်းဖြစ်သည်။

"ဟိုမှာ နင် လိုချင်တာတွေဘာတွေရှိရင်ဖုန်းလှမ်းဆက်"

"ဟုတ်ကဲ့ မေမေ"

"နင့်ယောကျာ်းကိုအလုပ်ကြီးဘဲဖိခိုင်းမနေနဲ့နင်တို့ အပြင်လေးလည်းဘာလေးလည်းထွက်ကြ...နင်တို့ကြိုက်ပြီးယူကြတာလည်းမဟုတ်တော့ ညှိစရာတွေကများမှာဘဲ။"

"ဟုတ်ကဲ့"

"ဟုတ်ကဲ့ မလုပ်ဘဲနဲ့၊နင် ဒီနားမှာခဏလာထိုင်စမ်း။"

ဦးခက် မေမေကသူ့ဘေးကခုံကိုလက်နဲ့ပုတ်ပြရင်း လှမ်းခေါ်သည်မို့ ဇိမ်းဟိုယောင် ယောင်၊ဒီယောင်ယောင်နဲ့ သွားလိုက်ရသည်။

"နင်...နင်တို့လင်မယား ကျန်းမာရေးတွေဘာတွေ စစ်ထားကြသေးလား"

"ရှင်!!..."

"ရှင် ‌မနေနဲ့ မေးတာဖြေလေ"

ဦးခက် မမက ဝင်မေးလာသည်မို့၊ဇိမ်း ကြောင်အသွားရသည်။ဒီမေးခွန်များက ဘာကိုရည်ရွယ်ချင်တာများလဲ။

11:11 {အချစ်တို့အစပျိုးချိန်}Where stories live. Discover now