Part-42(Zawgyi & Unicode)

12.6K 604 17
                                    

Unicode

နွေထွေးမှု၊ သက်သောင့်သက်သာခံစားရမှုတို့ယှက်ပြေးနေတဲ့ ခံစားချက်တို့နဲ့ ဇိမ်းရဲ့မနက်ခင်းနုနုအချိန်လှလှလေးဖြစ်သည်။ မှေးစက်နားခိုနေကျ လက်မောင်းတွေဟာ ဘယ်အချိန်တိုးခွေ့၊တိုးခွေ့ ထပ်တူကြတဲ့ရင် ခုန်မှုမျိုးပေးနေတုန်းဖြစ်သည်။

နှာဖူးစပ်လေးကို နှုတ်ခမ်း‌နီထွေးထွေးရဲ့တဝကြီးဖိနမ်းခံလိုက်ရပြီးနောက်၊ ဦးခက်တစ်ယောက် နိုးလာပြီဆိုတာ ဇိမ်းသဘောပေါက်လိုက်ပြီဖြစ်သည်။

"ချာတိတ်လေး နိုးပြီလား"

အမေးစကားကို ရင်ခွင်ထဲကနေဘဲခေါင်းဆက်ဆက်ညှိတ်ပြရင်း ဦးခက်ရဲ့ခါးတွေကိုပိုတိုးလို့ ဖက်ထားမိသည်။

"အဆင်ပြေရဲ့လား"

"ဘာကိုလဲဟင်"

"မနေ့ကတစ်နေ့လုံးရော၊ညဘက်ထိရောဆိုတော့ ကလေးများထလို့အဆင်ပြေပါ့မလားလို့"

ရယ်သံခပ်စွပ်စွပ်နဲ့ပြောတဲ့ ဦးခက်ရဲ့အပြောမှာ ဇိမ်း ရင်ခွင်ထဲမှာထလိုက်မိလို့၊ ဘေးဘက်က ကျေနပ်နေတဲ့အပြုံးနဲ့လူအား သေ စေနိုင်လောက်မည့်မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်လို့နေလိုက်သည်။

"အဲ့လိုကြီးမကြည့်ပါနဲ့ဗျာ ကိုယ်ကစိတ်ပူလို့ပါ။"

နှာခေါင်းလေးတစ်ချက်ရှုံ့ရင်းပြောပုံက သူဘာမှမသိတဲ့အတိုင်း၊ဘာမှ မလုပ်ခဲ့တဲ့အတိုင်းပင်။ ညက ဇိမ်းရဲ့စကားတွေတစ်ခွန်းမှနားမထောင်ဘဲ သူ့စိတ်ကြိုက်ပုံဖော်ခဲ့ပြီး ဇိမ်းရဲ့ထပ်ခါထပ်ခါတားမြစ်စကားတွေကို လျစ်လျူရှူထားခဲ့တဲ့ဒီလူကြီးဟာ သူမဟုတ်တော့တဲ့အတိုင်းပင်။

"သောင်းကျန်းချင်တိုင်း သောင်းကျန်းထားပြီး၊ အခုမှ အဆင်ပြေလားတစ်ခွန်းနဲ့ခွင့်လွှတ်ပေးရမှာလား"

"ညကဘဲခွင့်လွှတ်ပေးလိုက်လို့ ကိုယ့်ရင်ခွင်ထဲလာအိပ်တာမလား"

"ဘယ်သူကခွင့်လွှတ်တယ်ပြောလဲ။"

"အရမ်းနာသွားတာလား"

ဇိမ်းအား ပြန်မေးလာသည့်မေးခွန်းနဲ့၊မေးနေတဲ့သူ့မျက်ဝန်းညိုတွေဟာ ဇိမ်းကိုဒေါသစိတ်အပြည့်ဖြစ်လာစေသည့် အချက်ဖြစ် သည်။

11:11 {အချစ်တို့အစပျိုးချိန်}Where stories live. Discover now