Part-41(Zawgyi & Unicode)

15.8K 623 39
                                    

Unicode

"မမလေးတို့ပြန်လာကြပြီလားဟင် ပန်းချီကားတွေရောပါလာတာလား"

ခြံထဲကိုကားရောက်ရောက်ချင်း၊တံခါးဝမှတင် ဆီးကြို‌မေးခံလိုက်ရသည်မို့ ဇိမ်းမျက် စိပျက်၊မျက်နှာပျက်ဖြစ်သွားရသည်။ အား ကိုးတကြီးဖြင့် ဘေးကပါလာသောဦးခက်ဆီမျက်လုံးဝေ့ကြည့်မိလိုက်တော့...ဒါဘယ်လိုအရှက်ကွဲခြင်းမျိုးလည်း၊ ဇိမ်းမှာအားကိုးရှာမိပေမယ့် ဦးခက်ရဲ့ပြုံးစိစိမျက်နှာမှာဇိမ်းကိုသွေးတက်လာစေသည်။ထို့‌နောက် ဒီလူကြီးမှဇိမ်းရဲ့နား နားသို့တိုးကပ်လာပြီးနောက်တီးတိုးစွာဆိုလာသည်။

"ဘာလာလုပ်တာလဲဆိုတာ‌ ဖြေလိုက်လေ"

ဒါဇိမ်းကို ကိုယ့်ရဲ့အရှက်ကိုကိုယ့်ဘာသာကိုပြန်ခွဲခိုင်းနေခြင်းမျိုးဖြစ်သည်။

"ဦးခက်နောင်ချို!..."

အအော်ခံလိုက်ရတာမို့၊ အခြေနေသိပ်မဟန်တာကို သဘောပေါက်လိုက်ပြီး‌နောက်
၊မျက်နှာပြန်တည်လိုက်ရတဲ့ ခက်နောင်ချိုတစ်ယောက် အိမ်ကဒီဝန်ထမ်းမိန်းကလေးတွေကို အသင့်တော်ဆုံးအဖြေကိုပေးဖို့လိုလာပြီဖြစ်သည်။

"ကိုယ်တို့ ပန်းချီးကားတွေလာပို့တာကိုပြန်စစ်ဖို့လာစောင့်နေတာ။"

ဒါသင့်တော်သည့်အဖြေဖြစ်တာမို့ဇိမ်းလည်း ထောက်ခံဟန်ဖြင့် ဘေးကခေါင်းညှိတ်ပြလိုက်သည်။

"မမလေးတို့ပင်းပန်းရတာပေါ့၊ ပန်းချီကားတွေစာရင်းတွေရှိတာမို့ ညီမတို့ သေချာစစ်ယူထားလိုက်မယ် မမလေးတို့အလုပ်မအားရင် ပြန်ရင်ပြန်..."

"ပြန်လို့မရသေးဘူး။ လမ်းမှာ ဇိမ်းလေးက ဗိုက်အောင့်လာတာ ဒါကြောင့် ဇိမ်းလေး သက်သာတဲ့ထိ နေပြီးမှပြန်တော့မယ်၊အင်း ဇိမ်း ပင်ပန်းသွားတယ်ဆိုရင်လည်း ကိုယ်တို့ ဒီမှာဘဲညအိပ်ဖြစ်လိမ့်မယ်၊ အိပ်ယာတွေအဆင်သင့်ရှိတယ်မလား"

"ရှိ...ရှိပါတယ် အဆင်သင့်ပါဘဲ။"

ဇိမ်းတို့ လက်ထပ်ပြီးထဲကပထမဆုံးအကြိမ်အိမ်မှာ အိပ်ခြင်းမို့၊ ဝန်ထမ်းတွေလည်းပြာယာခက်သွားပုံရသည်။

11:11 {အချစ်တို့အစပျိုးချိန်}Donde viven las historias. Descúbrelo ahora