Part-18(Zawgyi & Unicode)

13.7K 707 48
                                    

Unicode

မဖြစ်နိုင်ဘူး...တကယ် မဖြစ်နိုင်ဘူး။

တစ်ခုခုများမှားနေတာများလား...ဟုတ်တယ် မှားနေတာဖြစ်နိုင်တယ်။ စနေတာများလား အင်း ဖိုး ဇိမ်းကို စနေတာဖြစ်မယ်။ဖိုးက
ဇိမ်းကို ဒီလိုကြီးထားသွားစရာအကြောင်းမှမရှိဘဲ။

‌ဆေးရုံခန်းရဲ့အပေါက်၀မှာဇိမ်းဟာငုတ်တုတ်လေးထိုင်နေလို့ ခေါင်းလေးတစ်ခါခါလုပ်လိုက်၊လက်သည်းထိပ်လေးတွေကို တုန်ရင်စွာ ကိုက်လိုက်နဲ့တုန်လှုပ်နေသည်မှာတစ်နာရီနီးပါးရှိနေပြီဖြစ်သည်။ ဘေးပတ်၀န်းကျင်ကလူတွေ ဇိမ်းကိုမသိမသာရော၊သိသိသာသာရော ကြည့်နေတဲ့အကြည့်တွေကိုလည်း ဇိမ်းမှာဂရုမစိုက်‌နိုင်ပေ။မွန်းကြပ်လွန်းလို့ နှလုံးသားထဲကပါတင်းကြပ်ပြီးပိုနာကျင်နေရသည်။ဇိမ်း ထိုဖြစ်ရပ်ကြီးကို၀င်မကြည့်နိုင်သလို၊လက်လည်းမခံနိုင်သေး‌ပေ။

သူနဲ့မလှမ်းမကမ်းမှာထိုင်ပြီး ငိုနေသည့်
ကလေးမကိုတွေ့ရတော့ ခက်နောင်ချိုရင်တွေကွဲမိရပါသည်။သူအနေနဲ့ လူအိုကြီးသတင်းကြောင့်များစွာသောဖုန်းတွေကိုဆက် တိုက်ဆိုသလိုဖြေကြားနေရသည်။ သူမလေးကအမြဲစိတ်ဓာတ်မာ‌ပေမယ့် ဒီဖြစ်ရပ်ဆိုးကြီးမှာတော့စိတ်မခိုင်သည်မို့အထဲသို့၀င်မကြည့်နိုင်သေးခြင်းဖြစ်သည်။ သူလည်းလုံး၀မှမယုံနိုင်ပေ။ ဇိမ်း‌လေးလောက်မဟုတ်ဘူးဆိုပေမယ့် သူလည်းဘဲအတော့်ကိုနာ ကျင်နေရသည်။ဖြစ်ရပ်အားလုံးဟာကတိုက် ကရိုက်ဆန်သလို သူအနေနဲ့လုံး၀မှ သမရိုးကျဖြစ်စဥ်လို့လည်း လက်မခံနိုင်ပေ။

"ဇိမ်း...စိတ်ခိုင်ခိုင်ထားရမယ်နော်။"

ထိုအသံကိုကြားမှ ဇိမ်းမျက်ရည်တွေကိုလက်ဖနောင့်လေးနဲ့ဖိသုတ်လိုက်သည်။ဟုတ်တယ်...ဘာတွေဘဲဖြစ်ဖြစ် ဇိမ်းကိုယ်တိုင်အတည်ပြုရမယ်။ဇိမ်းကိုယ်တိုင်မမြင်ရသေး တဲ့အခိုက်အတန့်မှာ အမှန်ဆိုတာလုံး၀မယုံကြည်ပေ။

"ဇိမ်း အဆင်သင့်ဖြစ်ပြီလား ကိုယ်တို့နှုတ် ဆက်ရမယ်လေ"

"..."

ဇိမ်း ခေါင်းညှိတ်မိလိုက်လား၊ခေါင်းခါမိလိုက်လားတောင်မသိပေ။ ဇိမ်းရဲ့အသိစိတ်တွေကင်းမဲ့နေသည်။

11:11 {အချစ်တို့အစပျိုးချိန်}Où les histoires vivent. Découvrez maintenant