"ကောင်းပြီ မင်းအချိန်ရရင် ငါတို့သွားကြမယ်" လုကျန်းက ကျီယန် ဘာတွေတွေးနေမှန်း မသိပေမယ့်လည်း သူကတော့ ကတိပေးနေဆဲပါ"ဒီလို တစ္ဆေ ဘဝမှာ မင်းကို ငါ့ဇနီးမယားအဖြစ် ရတားတာ ငါအရမ်းကို ကံကောင်းလွန်းတာပဲ"
ကျီယန်က လုကျန်းရဲ့ ပုခုံးကို ပုတ်လိုက်ရင်း"ငါက မင်းကို ကယ်တင်ဖ်ို့ ကောင်းကင်ဘုံက လွှတ်လိုက်တဲ့ နတ်သမီး ပဲ မင်းသိဖို့ပဲ လိုတယ် လူငယ်လေး"
လုကျန်းရဲ့အပြုံးတွေက အေးစက်သွားပြီး သူ့မျက်လုံးထောင့်များက တုန်ယင်သွားတယ်။ကျီယန်က နောက်ပြောင်တာကို သဘောကျတယ်။လုကျန်းက ကျီယန်ကို သူနဲ့နောက်ပြောင်နေချိန်ဆို ပိုသဘောကျတယ်။
ပြီးပြည့်စုံတဲ့ ပွဲများကို အတူတူရှိရန် ရည်ရွယ်ခဲ့သည်။လုကျန်းက သူပသက်ရှင်နေချိန်မှာတောင် သူ့မိသားစုက သူ့ကို မချစ်ခင် မနှစ်သက်ခဲ့ပေ။အဲ့ဒါကြောင့် သေဆုံးသွားတဲ့အခါ အထီးကျန် သရဲတစ္ဆေ ဖြစ်နေခဲ့ပြီးတဲ့နောက် သူ့ကို အရမ်းဂရုစိုက်တဲ့ ကျီယန်နဲ့ တွေ့ဆုံခဲ့ကြရပါတယ်။လုကျန်းသည် လိင်မှတဆင့် ကျီယန်ထံမှ ဝိညာဥ်စွမ်းအင်ကို ထုတ်ယူချင်တိုင်း ကျီယန်၏ ချစ်စဖွယ်မျက်နှာလေးကို မြင်ပြီး ချစ်စဖွယ် ညည်းသံလေးကို ကြားသောအခါတိုင်း လုကျန်းသည် ကျီယန်ကို နာကျင်အောင် လုပ်ရန် မထိန်းနိုင်ခဲ့ပေ။သူ့ရဲ့ ကျန်ရှိနေတဲ့ဘဝကို ကျီယန်နဲ့ဖြတ်သန်းနိုင်မယ်လို့တွေးရင်း လုကျန်းက သူ့နှလုံးသားထဲက အပြုံးကို မထိန်းနိုင်ခဲ့ပါဘူး။
အိမ်ထောင်မပြုခင်တုန်းက လုကျန်းသည် လူ့ခန္ဓာကိုယ်ကို ပြန်လည်ရယူလိုသောကြောင့် လူဝင်စားကျောက်တုံးကို ရှာဖွေရာတွင်သာ အစွဲအလမ်း ကြီးခဲ့သည်။ဒါပေမယ့် အခုအချိန်မှာတော့ လုကျန်းက သူ့ရှေ့က လူနဲ့ ဘဝတစ်လျှောက်လုံး အဖော်ပြုပြီး အတူတူနေချင်တဲ့အတွက် သူ့လူ့ခန္ဓာကိုယ်ကို ပြည့်ပြည့်စုံစုံ လိုချင်နေခဲ့သည်။
"လူဝင်စား ကျောက်တုံးအကြောင်းပြောရရင် ငါရှာနေတာ ကြာလှပြီ၊ကုသိုလ်ကောင်းမှု့တွေလုပ်ပြီး ကျင့်ကြံသူတွေဆီကို သွားတာလည်း တိုးတတ်မှု့မရှိဘူး၊အဲ့လိုမျိုး ကျောက်တုံး တကယ်ရှိရဲ့လားတောင် မသိတော့ဘူး။ "ကျီယန်သည် လူဝင်စားကျောက်တုံးကို ရှာဖွေရန်အတွက် ငွေရှာရန် စိတ်အားထက်သန်လာသောကြောင့် သူ့ရဲ့ အရင် အကြံအစည်များက တဖြည်းဖြည်း အကောင်အထည်ပေါ်လာခဲ့သည်။သူ့ လုပ်ငန်းကို စီမံခန့်ခွဲရင်း လူတော်တော်များများနဲ့ သိလာခဲ့တယ်။သူသည် အင်ပါယာ တစ်ခွင်လုံးကို လှည့်လည်သွားလာနေသော ခရီးသွား ကုန်သည်များ အပါအဝင် အခြား လုပ်ဖော်ကိုင်ဖက်များကိုပါ အဆိုပါ ကျောက်တုံးအကြောင်းကို မေးမြန်းသောအခါတွင် သူတို့ထံမှ"လူဝင်စား ကျောက်တုံး"အကြောင်းကို မကြားဖူးကြောင်း သိခဲ့ရသည်။သို့သော် လုကျန်းသည် သူ၏ မျှော်လင့်ချက်ကို လက်မလျှော့ခဲ့သ၍ ကျီယန်ကလည်း ထိုမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပြီး မည်မျှပင်အကုန်အကျ များပါစေ ရှာကြည့်ရန် ဆန္ဒရှိနေခဲ့သည်။
YOU ARE READING
How I Survived Transmigration With My Ghost Hubby(MM Translation)
RomanceJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
အပိုင်း(၈၇)လုကျန်း၏ ဂူ
Start from the beginning
