"ကျွန်တော် ကြွားဝါပြောဆိုနေတာ မဟုတ်ဘူး၊ကျွန်တော် ကုန်သည်လုပ်လာတာ နှစ်ပေါင်း အတော်ကြာနေပြီ၊တောင်တွေ မြစ်တွေ အားလုံးသာမက ကျွန်တော် တို့ ပတ်ဝန်းကျင် နိုင်ငံငယ်လေးတွေ တော်တော်များများရဲ့နေရာတော်တော်များများကို ခရီးတွေထွက်ခဲ့ဖူးပါတယ်၊"လီကူးသည် စကားခနရပ်လိုက်ပြီး ရေနွေးတစ်ငုံ သောက်လိုက်ပြီးနောက် သူ့ရဲ့ဘဲလိုအသံနဲ့ ဆက်ပြောလိုက်တယ်"မင်း သိပါတယ်၊ ငါတို့ ရှင်း အင်ပါယာက ဒီအလယ်ပိုင်းလွင်ပြင်မှာ ကြီးမားတဲ့ အင်ပါယာ တစ်ခု ဖြစ်ပြီး ငါတို့အင်ပါယာမှာ အမြဲတမ်း သံယံဇာတတွေ ပေါကြွယ်ဝတယ်၊ဒါကြောင့် ရှင်းတိုင်းပြည်မှာ တစ်ခုခုကိုရှာမတွေဘူးဆိုရင် အဲ့ဒီ့ နိုင်ငံငယ် လေးတွေမှာ ရှိနိုင်ဖို့ဆိုတာကတော့ သိပ်မျှော်လင့်နိုင်မှာမဟုတ်ဘူး"
"ဒီတိုင်းပြည်ကို ရှင်း တိုင်းပြည်လို့ ခေါ်တာကို ကျီယန်ဒီနေ့မှပဲ သိတော့တယ်။ဒီနာမည်က တော်တော်ကောင်းတာပဲ၊ဒါပေမယ့် ဒီမှာ သံယံဇာတတွေ ပေါများတယ် ဟုတ်လား။ကျီယန်စိတ်ထဲ သံသယ ဝင်သွားတော့တယ်။
ကျီယန်က မျှော်လင့်ချက်အပြည်းနဲ့ ဒီကိုရောက်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ စိတ်ပျက်လက်ပျတ် အဖြစ်နဲ့သာ အဆုံးသတ် ခဲ့ရတယ်။ဒါပေမယ့် သူ့စိတ်ထဲမှာတော့ အရှုံးမပေးချင်သေးဘူး၊ ဒီအကြောင်းကို စဥ်းစားပြီးနောက်မှာတော့"လူကြီးမင်း လီ၊ မင်းတခြား နိုင်ငံတွေကို လည်းရောက်ဖူးတာလား"
"မင်းက ဝေလနယ်ကို ရောက်ဖူးတယ်လို့ ဆိုလိုချင်တာလား"လီကူးက "ပုံမှန် အတိုင်းပဲလေ ငါရောက်ဖူးတယ်၊ ကျစ် ,အဲ့နေရာက အရမ်းကို ဆင်းရဲတယ်၊ကြွေထည်နဲ့ လုပ်ထားတဲ့ လ္ဖက်ရည်အိုးလိုမျိုး ငါတို့ဆီက ပုံမှန်အသုံးအဆောင် ပစ္စည်းတွေကို သူတို့ဆီ ယူသွားလိုက်ရင် အဲ့မှာဆို အဖိုးတန် ပစ္စည်းတွေဖြစ်သွားရော၊အဲ့အခါကျရင် စျေးနှုန်းအမြင့်မားဆုံးထားပြီး ရောင်းလို့ရတယ်"
"ဝေလနိုင်ငံ,ဒါဆို ဒီမင်းဆက်က ဘယ်မင်းဆက်လဲ?ကျီယန်က ၁၃၀၀ နဲ့၁၅၀၀ ခုနှစ်တွင် ဖြစ်နိုင်သည်ဟု ထင်လိုက်ပြီး လူကြီးမင်းလီပြောသော ဝေလနိုင်ငံသည် ယခင်အပတ် UK နိုင်ငံနှင့် တူညီသည်။
YOU ARE READING
How I Survived Transmigration With My Ghost Hubby(MM Translation)
RomanceJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
အပိုင်း(၅၃)သူတိုက နောက်တစ်ခါ တစ်စုံတစ်ခုကို လျှို့ဝှက်ကြံစည်နေကြသည်
Start from the beginning
