ကျီယန်သည် လုကျန်း၏ အရာထိပ်ကနေ ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီးနောက် အဆုံးထိဝင်ရောက်သွားသောအခါ သူ့ခန္ဓာကိုယ်က လုကျန်းျပါ်ကို လှဲချလိုက်ပြီး အခုအကြိမ်က သူမဆင်ခြင်ဘဲ လုကျန်းအပေါ်ကို ထိုင်မိတာကနေ အစပြုသွားကြောင်းကို တွေးလိုက်မိပြီး သူ့ကိုယ်သူ ရောင်းစားခဲ့တာကို တွေးပြီး ပြင်းထန်စွာ ငိုချင်လာခဲ့တယ်။
ညက ရှည်လျားပြီး သူတို့နှစ်ဦးက ပလက်လှန်ပြီး တစ်ခုလုံး ဆက်ဆံပြီးတဲ့နောက်မှာတော့ ကျီယန်က လမ်းတစ်ဝက်မှာတင် မခံနိုင်တော့ပေ။နောက်တစ်နေ့ မနက်မှာတော့ ကျီယန်က အံ့သြစရာကောင်းလောက်အောင် အိပ်ယာ ထ နောက်ကျခဲ့ပါသည်။
သို့သော် သူအိပ်ယာထနောက်ကျသော်လည်း မျိုးစိတ်အသစ်များ အကြောင်းရှာဖွေရန် မြို့ကို သွားခြင်းကို မရပ်တန့်ခဲ့ပေ။
ရွာပေါင်းများစွာထဲမှာ ကုန်သည်တစ်ယောက်ကို ရှာရတာ မခက်ခဲပါဘူး။ကျီယန်သည် ယခင်က ဆေးဖက်ဝင်အပင်များစွာရောင်းချသော ဆေးဆိုင်သို့ အကြိမ်များစွာသွားခဲ့သည်။
ဆေးဆိုင်ပိုင်ရှင်သည် ကျီယန်နှင့် ရင်းနှီးနေပြီ ဖြစ်သည်။ကျီယန်က ရွာတွေကြားထဲမှာ ကုန်ပစ္စည်းရောင်းတဲ့ ကုန်သည် တစ်ယောက်ကို တွေ့ချင်တယ်လို့ ပြောတဲ့အခါ ဆေးဆိုင်ပိုင်ရှင်က သူ့ကို စိတ်အားထက်သန်စွာကူညီပေးခဲ့သည်။လီကူးလို့ခေါ်တဲ့ညကုန်သည်တစ်ဦးကို ကျီယန်အတွက် အကြုံခဲ့သည်။ထိုလူ ငယ်ရွယ်စဥ်အခါက နန်းတော်ထဲတွင် မိန်းမစိုး အဖြစ် လုပ်ခဲ့ဖူးသော်လည်း တနည်းနည်းဖြင့် အပြင်ထွက်လာကာ ကုန်ပစ္စည်းများကို စတင် ရောင်းချခဲ့သည်။သူသည် အဲ့ကုန်သည်များကြားတွင် တော်တော် နာမည်ကြီးသော လူတစ်ယောက်ဖြစ်သည်။
ကျီယန်က ကုန်သည်သည် ဗဟုသုတများစွာ ရှိသင့်ပြီး ၄င်းနှင့် ပတ်သတ်သည့် တစ်ခုခုကို သိသင့်သည်ဟု ကျီယန်က ယူဆခဲ့သည်။ဒါပေမယ့် ကျီယန်က လီကူးကို တွေ့ပြီး သူလိုအပ်တာကို ပြောပြတဲ့အခါ လီကူးလည်း စိတ်ရှုပ်ထွေးသွားပြီး ငရုတ်သီးနဲ့ ငရုတ်ကောင်းများကို တစ်ခါမှ မကြားဖူးဘူးလို့ ပြန်ပြောခဲ့တယ်။
ESTÁS LEYENDO
How I Survived Transmigration With My Ghost Hubby(MM Translation)
RomanceJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
အပိုင်း(၅၃)သူတိုက နောက်တစ်ခါ တစ်စုံတစ်ခုကို လျှို့ဝှက်ကြံစည်နေကြသည်
Comenzar desde el principio
