အပိုင်း(၃၂) ဆဲဆိုခံရခြင်း

Start from the beginning
                                        

ထိုသို့ပြောပြီးနောက် သူမသည်အဝတ်လျှော်ပြီးသည်နှင့် ဇလုံကိုမပြီး မတ်တပ်ထရပ်ကာ အိမ်ပြန်သွားရန် အသင့်ပြင်လိုက်သည်။

"ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ မင်းအပုစ်ကင်းရင် မင်းရဲ့ခုလို့မကောင်းသတင်းကျော်ကြားမှု့က နောက်ဆုံးမှာရှင်းသွားလေ့မယ်။လန်းရှောင်လန်ဘာပဲပြေပြော အမှန်တရားကို သူမ လိမ်ညာလှည့်ဖျားလို့ မရဘူး။"ဟင်း,သူမက သက်ပြင်းချလိုက်ရင်း မုဆိုးမတစ်ယောက်ရဲ့ ဘဝ ဘယ်လောက်ခက်ခဲလဲ ဆို တာငါသိတယ်၊အခု ငါမြင်နေရတယ်၊မုဆိုးမ တစ်ယောက်ဖြစ်လာရင် မင်းကျယာက်ျားပဲဖြစ်ဖြစ် မိန်းမော ဖြစ်ဖြစ် ဘဝကို လွယ်လွယ်လေး မဖြတ်သန်းနိုင်ဘူး၊အဖွားကြီးက သက်ပြင်းထပ်ချလိုက်တယ်၊ကျီယန်၏တုန့်ပုန်မှု့ကို မ ​စောင့်ပဲ သူမရေဇလုံ ကို ကောက်ကိုင်ကာ လှည့်ထွက်သွားတော့တယ်။

အခု တစ်ယောက်ထဲကျန်ခဲ့သော ကျီယန်သည် မြစ်ကို ငေးကြည့်နေပေမယ့် သူက ဒေါသ သိပ်မထွက်ခဲ့ပေ။ရယ်စရာကောင်းတယ်လို့ပင် သူခံစားနေရသည်။လန်းရှောင်လန်းက သူအကြောင်းကို မဟုတ်မမှန်ပြောခဲ့တယ်။သူမသည် မကောင်းမှု့အလုပ်တစ်ခုကို လုပ်ခဲ့သည်။

သို့သော်ဂိုဟူးသည် သူမကို လမ်းလွဲစေသောကြောင့် လန်းရှောင်လန်သည် ဂိုဟူးနှင့်ပတ်သတ်၍ သူသည် ဂိုဟူးကို မနာလိုကြောင်း ကျီယန်သိသည်။ဂိုဟူးသည် သူမအားတမင်တကာ အသာဆီးယူသွားသလိုမလုပ်ဆောင်ခဲ့ပါက လန်းရှောင်လန်သည် မည်သို့ပင်ဖြစ်စကာမူ ယုံကြည်လေ့မည်မဟုတ်ပေ။

ကျီယန်သည် ဂိုဟူးစိတ် ထဲတွင် ဘာရှိမှန်းမသိပေ။သူ့ အရင်ခေတ်ကလို မဟုတ်ဘူး၊ဒီရှေးခေတ်မှာ အိမ်ထောင်ရေးဖောက်ပြန်တဲ့အခါ အမျိုးသမီးကို လှောင်အိမ်ထဲထည့် ပီး ရေထဲပစ်ချတယ်။အခု သူမသည် အရင်ခေတ်ကလို သူမ၏ကိုယ်ကိင့်သိက္ခာနှင့် ဂုဏ်သတင်းကို အခြားလူများ နှောင့်ယှက်သည်ဟုထင်မြင်စေရန် လိုင်းပေါ်တင်ထားသလိုပဲ၊သူမအတွက် ဘာအကျိုးရှိလဲ၊အဲ့ဒီ့ အချိန်ကာလ သူမကိုပိုက်ဆံ မပေးလို့ဆိုပီး လက်စားချေဖို့သက်သက် လုပ်တာလား။

ဘာပဲဖြစ်ဖြစ်ကျီယန်က ဒီအကြောင်းကို ဒေါသထွက်နေရမယ့်အစား ရှက်ရွံ့ ရွံ့ရှာစရာကောင်းတယ်လို့ခံစားရတယ်။

အရင်က လုကျန်းနဲ့ သူ့ပတ်ဝန်းကျင်မှာ ကျီယန် တစ်ခုခု သိချင်ရင်မခက်ပါဘူး၊ခုချိန်မှာ လုကျန်းသာ သူ့အနားမှာရှိရင် သူတို့ပြောတာတွေကို အကုန်လုံးကြားသွားလေ့မယ်။ကံမကောင်းစွာဖြင့် လွန်ခဲ့သော ရက်အနဲငယ်က လုကျန်းသည် သူ့မှာ လုပ်စရာကိစ္စတချို့ရှိ၍ ရက်အနဲငယ်ခန့် ထွက်သွားရမည်ဟု ပြောခဲ့သည်။ကျီယန်သည် တစ္ဆေ လောက အကြောင်း ဘာမှ မသိသောကြောင့် လုကျန်းက ဘာကို ရင်ဆိုင်ရမည်ကို မသိပေ။ယခုလည်း ရွာရှိလူတိုင်းက ထိုအကြောင်းကိုပြောနေကြပြီး ၄င်းတို့၏ထပ်ခါတလဲလဲ ဇာတ်လမ်းတွင် ဇာတ်လိုက်တစ်ဦးအနေဖြင့် ကျီယန်သည် ထို အကြောင်းကို ဘာမှမသိခဲ့ပေ။ ဒီနေ့မှ ဘာတွေဖြစ်နေလဲသိလိုက်ရသည်။အဲ့တစ်ခုလဲအရမ်းကို စုပ်ပဲ့တယ်။

သို့သော် ပိုပြီးအံ့သြစရာ ကောင်းသည်မှာ သူသည် လုမိသားစု၏နေအိမ်သို့မသွားမှီ ဂိုဟူးန့ လန်းရှောင်လန်ကို ရင်ဆိုင်ခြင်းမပြုမီလုမိသားစုမှ အဖွဲ့ဝင်တစ်ဦးသည် သူ့ဆီသို့ ရောက်လာခဲ့သည်။ထိုလူမှာ ဂိုဟူး၏ ခင်ပွန်း လုချန်ကျင်းပင်ဖြစ်သည်။

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now