အပိုင်း(၃၂) ဆဲဆိုခံရခြင်း

Mulai dari awal
                                        

ထို့ကြောင့် ကျီယန်သည် ရွာသားများနှင့် ထိတွေ့ဆက်ဆံမှု့မရှိသလောက်ဖြစ်နေပြီဟု ပြောနိုင်သည်။မလိုအပ်ရင် သူတို့နဲ့စကားတစ်ခွန်းတောင်မပြောဖြစ်ဘူး၊သူသည် လုမိသားစုတွင်ယောက်ျားမယားအဖြစ် လက်ထပ်ခဲ့ခြင်းမှလွဲ၍ရွာသားများ သူ့အကြောင်းကို လုံးဝမသိသောကြောင့် သူ့ကို အတင်းအဖျင်းပြောစေမည့် အခြားအရာမရှိပါ။

ဒါပေမယ့် ဒီနေ့မှာတော့ ကျီယန်က တစ်ခုခု မှားနေပီလို့ ခံစားလိုက်ရတယ်။

သူသည် ထိလွယ်ရှလွယ်မဟုတ်သော်လည်း ရွာသားများက သူ့ကို မြင်သောအခါ သူတို့ရဲ့ တုန့်ပြန်မှု့က သိသာလှသည်။နှုတ်ခမ်းကို မဲ့ပြီး တံတွေးထွေးကြတယ်။ကျီယန် လာတာတွေ့ရင် သူ့တို့မျက်နှာတွေက တံတွေး ထွေးကြတာကို အရမ်းသဘောကျနေတယ်လို့ ခံစားရတယ်။

ပထမတော့ ကျီယန်က ဒါကို အလေးအနက်မထားပေမယ့် လူတိုင်းကသူ့ကို အဲ့လိုကြည့်တဲ့အခါမှာတော့ ကျီယန်က ဒါကို လျစ်လျူရှု့မထားနိုင်တော့ဘူး။

ကျီယန်သည် တော်တော် ထူးဆန်းသည်ဟု တွေးမိသည်။အကယ်၍သူသည် မုဆိုးမ ယောက်ျားဖြစ်သည်ဆိုပါက လွန်ခဲ့သည့် ရက်အတော်ကြာက လက်ထပ်ပွဲကျင်းပခဲ့သည့် အတွက် သတင်းမဟုတ်တော့ပေ။နောက်ပြီး သူတို့မိသားစုက အဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီး အဆင်မပြေကြ​ဘူး၊အခု ဘာကြောင့် ဒီလောက်ပြင်းပြင်းထန်ထန် လုပ်နေကြတာလဲ။ထို့ကြောင့် ကျီယန်သည် သူ့ပင်ကိုယ် အသိစိတ်အရ မုဆိုးမ ယောက်ျားအဖြစ်နဲ့ ဘာမှမဆိုင်ကြောင်းတွေ့လိုက်ရသောအခါ ထိုကဲ့သို့ပြုမူရခြင်း၏အကြောင်းအရင်းကို သိချင်ခဲ့သည်၊ဒါပေမယ့် လူတိုင်း သူ့ကို မုန်းတီးသွားအောင် သူဘာလုပ်ခဲ့မိလို့လဲ။သူလည်း ခုထိ ဘာမှနားမလည်သေးဘူး။

ကျီယန်သည် သီးမခံနိုင်တော့အဲ့အတိုင်းအတာ ရောက်လုနီးပါးပင်ဖြစ်လာသည်။ရွာသားတွေစု ပြီးသူ့ကု လက်ညှိုးထိုးပြောဆိုနေတာကိုတွေ့တော့ ရှေ့တိုး​ပီးမေးကြည့်မယ်လုပ်လုပ်လိုက်ရင် သူတို့တွေ မြန်မြန်ဆန်ဆန် လူစုခွဲကုန်ကြတယ်၊အသင်ကြီးကြီးမိန်းမအချို့က သူ့ဘက်ကို လှည့် ပြီးတံတွေ့ ထွေးကြတယ်။
ဤကဲ့သို့သော ဖြစ်ရပ်သည် ရက်အနဲငယ်ကြာခဲ့သည်။ကျီယန်သည် တစ်ရွာလုံးကို စော်ကားရန် သူဘာလုပ်ခဲ့မိမှန်းမသိပေ။တစ်နေ့တွင်သူသည် အဝတ်လျှော်ရန် မြစ်ကမ်းစပ်သို့သွားခဲ့သည်။ထိုနေရာတွင် ရွာလူကြီး၏ဇနီးကို တွေ့လိုက်ရသည်။ရွာလူကြီး၏ဇနီးက လူတိုင်းသူ့ကို မုန်းနေရတဲ့အကြောင်းအရင်းကို အတိအကျပြောပြတယ်။အကြောင်းအရင်းကို ခုမှသိလိုက်ရတော့ ရယ်ရမလား ငိုရမလားတောင်မသိတော့ဘူး။

How I Survived Transmigration With My Ghost Hubby(MM Translation)Tempat cerita menjadi hidup. Temukan sekarang