ကျီယန်သည် သီးမခံနိုင်တော့အဲ့အတိုင်းအတာ ရောက်လုနီးပါးပင်ဖြစ်လာသည်။ရွာသားတွေစု ပြီးသူ့ကု လက်ညှိုးထိုးပြောဆိုနေတာကိုတွေ့တော့ ရှေ့တိုးပီးမေးကြည့်မယ်လုပ်လုပ်လိူက်ရင် သူတို့တွေ မြန်မြန်ဆန်ဆန် လူစုခွဲကုန်ကြတယ်၊အသင်ကြီးကြီးမိန်းမအချို့က သူ့ဘက်ကို လှည့် ပြီးတံတွေ့ ထွေးကြတယ်။
ဤကဲ့သို့သော ဖြစ်ရပ်သည် ရက်အနဲငယ်ကြာခဲ့သည်။ကျီယန်သည် တစ်ရွာလုံးကို စော်ကားရန် သူဘာလုပ်ခဲ့မိမှန်းမသိပေ။တစ်နေ့တွင်သူသည် အဝတ်လျှော်ရန် မြစ်ကမ်းစပ်သို့သွားခဲ့သည်။ထိုနေရာတွင် ရွာလူကြီး၏ဇနီးကို တွေ့လိုက်ရသည်။ရွာလူကြီး၏ဇနီးက လူတိုင်းသူ့ကို မုန်းနေရတဲ့အကြောင်းအရင်းကို အတိအကျပြောပြတယ်။အကြောင်းအရင်းက်ို ခုမှသိလိုက်ရတော့ ရယ်ရမလား ငိုရမလားတောင်မသိတော့ဘူး။
ရွာလူကြီးရဲ့ဇနီးက"လုချန်ဂန်းရဲ့ မိန်းမဆီက ဒီအ ကြောင်းကို ငါတို့ကြားခဲ့ရတာအမှန်ပဲ။ရွာလူကြီး၏ဇနီးပြောသောအကြောင်းအရာက ယုံကြည်လိုရတယ်။"လုချန်ကျင်းဦးခေါင်းဒဏ်ရာ ရတဲ့နေ့မှာ သူ့မိန်းမက မင်းခြံထဲကနေ ငို ပြီးပြေးထွက်လာတယ်၊မင်းက သူ့မိန်းမကိုစော်ကားတဲ့အတွက် မင်းကို သူတို့က နှင်ထုတ်လိုက်တာ၊ချန်ကျင်းကလည်းမင်းကို အခွင့်ကောင်းယူပြီးနှင်ထုတ်လိုက်တာလို့ပြောပြီး မင်းထွက်သွားမယ်လို့ေပြာတဲ့တဲ့နေ့မှာပဲ မင်းက အဲ့မိန်းမကို ပရောပရီပြုပြီးကြည့်နေခဲ့သေးတယ်။ရှက်လွန်းလို့ ချန်ကျင်း မိန်းမ ဘာမှမပြောဝံ့ဘဲခေါင်းခု တစ်ဖက်လှည့်ပြီး မျက်ရည်တွေ ခိုးသုတ်လိုက်တယ်တဲ့"
လုမိသားစုရဲ့ သားအကြီးဆုံးဇနီးက သူဟာ လုမိသားစုရဲ့ တတိယသား၏ဇနီးကို စော်ကားလိုက်သည်တဲ့ ရယ်စရာကောင်းလိုက်တာ။ကျီယန်က အခု သူခံစားနေရတာတွေကို စကားလုံးနဲ့ ဘယ်လိုဖော်ပြရမှန်းကိုမသိတော့ပေ။
"ဟုတ်ပါတယ်၊ငါတော့မယုံပါဘူး၊လန်းရှောင်လန်က ငါတို့ရွာမှာ ပါးစပ်ဖွာတယ်လို့နာ မည်ကြီးတယ်၊အခြားလူတွေကို အတင်းအဖျင်းပြောရတာကြိုက်တယ် ၊ငါက အသက်ကြီးနေပေမယ့် ယောကျ်ားတစ်ယောက်ကို ငါ့မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါ ဘယ်လိုဆိုတာက်ို ငါသိပါတယ်၊မင်းက ဆင်းရဲတဲ့မိသားစုက လာပေမယ့် ယဥ်ကျေးသိမ်မွေ့တဲ့ ေယာကျ်ားတစ်ယောက်ဆိုတာတော့ ငါပြောနိုင်ပါတယ်၊ငါ့ယောကျ်ားက မင်းကို လန်းရှောင်လန်း အဲ့လိုပြောတာကိုကြားတော့ အရမ်းကို ဒေါသထွက်သွားတယ်။ဒီတစ်ခါတော့ အရမ်းကို လွန်သွားပြီ။အဖွားကြီးသည် ကျီယန်၏မျက်နှာပေါ်က အမူအယာများကိုကြည့်ပြီး ရုတ်တရက် အကြောင်းအရာပြောင်းသွားကာ"ဒါပေမယ့် ငါတို့တွေက အဲ့ဒါကို မယုံပေမယ့် အခြားလူတွေက ငါတို့လိုပဲထင်နေကြတယ်လို့မဆိုလိုဘူး၊အစကတော့မယုံကြပေမယ့် အကြိမ်ကြိမ် ကြားလာကြတော့ ယုံကြည်လာကြတယ်၊ဒီအကြောင်းကို ပထမဆုံးကြားတော့မင်းကဂိုဟူးကို အခွင့်ကောင်းယူပြီး စော်ကားခဲ့တယ်၊ဒါပေမယ့် ရက်အတော်ကြာပြီးတဲ့နောက်မှာတော့မင်းက သူ့ကို နှိပ်စက်ခဲ့တယ်လို့ငါတို့က ထပ်ကြားရတယ်"
VOUS LISEZ
How I Survived Transmigration With My Ghost Hubby(MM Translation)
Roman d'amourJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
အပိုင်း(၃၂) ဆဲဆိုခံရခြင်း
Depuis le début
