Episode-8

4.1K 434 140
                                    

#Unicode

*တီ တီ*

အိပ်ရာထနောက်မကျစေရန် Alarm ပေးထားသည့် နာရီသံတတီတီက အချိန်တန်တော့မြည်လို့လာသည်...။ အိပ်ရာထဲကနေလှဲလျက်သားနှင့်ပင် ကုတင်ဘေးက စားပွဲခုံဆီလက်လှမ်း၍ နာရီအားပိတ်လိုက်သည်...။ တကယ်တော့ ဒီနေ့မနက် Alarm မမြည်ခင်ကတည်းက နိုးနေခဲ့တာပင်...။

ညကလည်း မနေ့ကမှ ကိုယ့်ရဲ့ချစ်သူအသစ်စက်စက်ကလေးဖြစ်ခဲ့တဲ့ မောင့်အကြောင်းတွေးရင်း ညဉ့်နက်ခဲ့ပြန်သလို မနက်ကျပြန်တော့လည်း မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ ခေါင်းထဲအရင်ဆုံးရောက်လာတာက မောင့်အကြောင်းသာ...။ မောင့်အကြောင်းတွေးမိလိုက်တာနဲ့တစ်ပြိုင်နက်တည်း ‌ကော့ညွတ်တက်သွားတဲ့ နှုတ်ခမ်းပါးတွေဟာလည်း အကျင့်ဖြစ်လို့နေပြီ...။

နာကျင်ရနိုင်တယ်ဆိုတာ သိသည်၊ ဝမ်းနည်းစရာတွေနဲ့ကြုံလာရနိုင်တယ်ဆိုတာလည်း သိသည်...။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ဒီအကြောင်းတွေကြိုမတွေးချင်...။ အခုလက်ရှိ မောင်နဲ့က ချစ်သူတွေဖြစ်သွားပြီမလား...။ လက်ရှိ ပစ္စုပ္ပန်မှာပဲ ကိုယ့်အချစ်တွေနဲ့မောင့်ကိုခြုံလွှမ်းပြီး မောင့်ဆီကနေပြန်လာမယ့်အချစ်တွေကိုလည်း မျှော်လင့်နေမည်။ ကိုယ့်မေတ္တာတွေရောင်ပြန်ဟပ်လာမယ့်အချိန်ကိုလည်း ရာခိုင်နှုန်းသေးသေးလေးပဲရှိရင်တောင် စောင့်ဆိုင်းချင်သည်...။

မသိနိုင်ဘူမလား...။ မောင်က ကိုယ့်ကို ပြန်ချစ်လာမလား၊ မချစ်လာဘူးလားဆိုတာ...။ ကိုယ့်ဘက်ကနေ ကိုယ့်ရဲ့အချစ်စစ်အချစ်မှန်တွေကို မောင်မြင်အောင်ထုတ်ပြနိုင်ရင် တစ်ချိန်ချိန်မှာ မောင့်ဘက်ကနေလည်း ကိုယ့်ကိုပြန်ချစ်လာနိုင်တာပဲလေ...။

ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေကိုမသိဘူး။ မှန်နေလား၊ မှားနေလားဆိုတာကိုလည်းမစဉ်းစားချင်ဘူး။ ကိုယ်ဟာ မောင်နဲ့ပက်သက်လာရင် စိတ်ကူးယဉ်ဆန်သည်...။ တခြားအရာတွေကိုမေ့ထားရင်း ကိုယ်ဖန်တီးထားတဲ့ စိတ်ကူးယဉ်အိပ်မက်လေးတွေထဲမှာပဲ ပျော်မွေ့မည်...။ မောင်နဲ့အတူပေါ့...။

"ဟူး...!"

လေပူတစ်ချက်ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီး အိပ်ရာကနေထလိုက်သည်...။ ထို့နောက် ကျောင်းသွားဖို့ ရေမိုးချိုးပြင်ဆင်ရတော့၏...။ ဒီနေ့မနက်တော့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ ပြေးလွှားပြင်ဆင်နေတဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်လေးဟာပေါ့ပါးနေပြီး ခြေလှမ်းတွေဟာလည်း သွက်လက်လျက်...။ ကြည်လင်နေတဲ့စိတ်အစဉ်နဲ့အတူ ဒီနေ့ရဲ့မနက်ခင်းဟာ အရင်နေ့တွေကထက်ပင် ပိုသာယာနေသယောင်...။

Long Nights And Daydreams (Completed)Where stories live. Discover now