Episode-22

4.4K 459 129
                                    

#Unicode

"ဒါကတော့ ကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့ ဒီဇိုင်းပါ...။ လှပပြီးအမြင်ဆန်း‌တဲ့ ဒီဇိုင်းထက် အဲဒီ့အဆောက်အဦးမှာနေထိုင်မယ့်လူတွေအတွက်စဉ်းစားပြီး ဒီဇိုင်းဆွဲထားပါတယ်။ လူကြီးမင်းတို့ရဲ့အရှေ့မှာရှိနေတဲ့စာရွက်ထဲမှာ ဒီဇိုင်းအကြောင်း အစအဆုံးရှင်းပြထားပါတယ်။ မေးချင်တာရှိရင် မေးလို့ရပါတယ်..."

Projector နဲ့ပြထားသော ဒီဇိုင်းပုံစံအား ရှင်းလင်းပြသောအခါ သဘောကျကြသည့်ဟန်ဖြင့် ခေါင်းငြိမ့်ပြကြသော အစည်းအဝေးရှိလူကြီးများ...။ ဒီ project ဟာ မင်ဟိုအလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ကိုယ်တို့ကုမ္ပဏီ ဖက်စပ်လုပ်တဲ့လုပ်ငန်းဖြစ်တာကြောင့် အစည်းအဝေးခန်းထဲထိုင်နေသည့်လူတွေထဲကတစ်ယောက်ဖြစ်သည့် မင်ဟိုကလည်း ကိုယ့်အား လက်မလေးထောင်ပြလို့လာသည်...။

"ဒါဆို အစည်းအဝေးကိုဒီမှာတင်ရပ်ပါ့မယ်..."

အစည်းအဝေးပြီးလို့ အစည်းအဝေးခန်းထဲကနေ မင်ဟိုနဲ့ကိုယ် နှစ်ယောက်သား စကားပြောရင်းဖြင့် ထွက်လာကြသည်...။

"ရား... မင်းပြတဲ့ဒီဇိုင်းပုံစံက တကယ်မိုက်တာ။ ရှယ်ယာရှင်တွေရော ကုမ္ပဏီကအထက်လူကြီးတွေပါ အတော်‌သဘောကျကြတယ်။ မင်းနဲ့ငါနဲ့ ပထမဆုံးအတူတူလုပ်မယ့် project က ဘယ်လိုပုံစံထွက်လာမလဲ တကယ်မျှော်လင့်နေပြီ..."

မင်ဟိုက ဘေးကနေလျှောက်နေရင်း အလုပ်အကြောင်းအားပါးတရပြောနေပေမယ့် ကိုယ်ကတော့ မင်ဟို့စကားတွေကို တအင်းအင်းတအဲအဲနဲ့ ခေါင်းငြိမ့် ခေါင်းခါသာလုပ်နိုင်သည်...။

"ဟေ့ကောင်...! မင်းမျက်နှာကြီးကဘာဖြစ်နေတာလဲ...? အလုပ်လည်းကောင်းကောင်းလုပ်နိုင်ခဲ့ရဲ့သားနဲ့ ဘာလို့အားမရှိတဲ့ပုံကြီးပေါက်နေတာလဲ...?"

ကိုယ့်ပုံစံကိုကြည့်ပြီး မေးလာသော မင်ဟို...။

"ဘာမှမဖြစ်ပါဘူး။ မနေ့က အလုပ်တွေများနေတော့ မောင့်ဆီကိုမသွားလိုက်ရဘူးလေ...။ ဒီနေ့လည်း အလုပ်ပြန်ချိန်ကနောက်ကျဦးမှာဆိုတော့ မောင့်ဆီသွားဖို့အချိန်ရှိမှာမဟုတ်ဘူး။ အဲဒါကြောင့် နည်းနည်း စိတ်ကသိကအောက်ဖြစ်နေတာ..."

Long Nights And Daydreams (Completed)Место, где живут истории. Откройте их для себя