Episode-27

4.1K 387 64
                                    

#Unicode

"ထယ်ယောင်းနဲ့ရော အဆင်ပြေရဲ့လား...?"

စက္ကူဗုံးတစ်ချို့အား ဆရာမနားနေခန်းကိုပို့ရန်တာဝန်ကျသည့် ကိုယ်နဲ့ယူမင်ဟော့...။ လက်ထဲစက္ကူဗုံးတွေသယ်လာကြရင်း နားနေခန်းဆီလျှောက်လာကြတုန်းမှာပင် မေးလာတဲ့ သူ့ရဲ့မေးခွန်း...။

"အဲဒါ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ...?"

အမြင်ကပ်ကပ်နဲ့ ဘုဂလန့်ပြောလိုက်တော့ ထိုလူက ရယ်သည်...။ ကိုယ့်ထက်သုံးနှစ်ကြီးတဲ့ထိုလူက အသက်အရွယ်နဲ့လိုက်ဖက်စွာ ရင့်ကျက်လျက်...။

"ဟုတ်ပါတယ်...၊ မင်းနဲ့ထယ်ယောင်းရဲ့ကိစ္စက ကိုယ်နဲ့ဘာမှမဆိုင်ပါဘူး...။ ဒါပေမယ့် ကိုယ်က ထယ်ယောင်းကိုပျော်စေချင်တာကြောင့် မေးမိတာပါ..."

ထိုစကားနောက် နှစ်ယောက်သားလှမ်းနေတဲ့ခြေလှမ်းတွေက ရပ်သွားရသည်...။

"ခင်ဗျားက ယောင်းကိုပျော်စေချင်တယ်ပြောရအောင် ယောင်းကိုခင်ဗျားကြိုက်နေတာလား...?"

"အမှန်တိုင်းပြောရရင် ဟုတ်တယ်။ ကိုယ် သူ့ကိုကြိုက်တယ်၊ စစတွေ့တည်းကပဲ..."

"အဟက်... ထင်တဲ့အတိုင်းပါပဲ..."

"ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ကိုယ်က ပိုင်ရှင်ရှိပြီးသားလူကိုတော့ စည်းစောင့်တတ်ပါတယ်။ ပြီးတော့ အရာအားလုံးထက် ထယ်ယောင်းရဲ့ပျော်ရွှင်မှုကသာအဓိကပဲ...။ ဒါတွေလာပြောနေတာက မင်းကိုရန်စနေတာမဟုတ်ဘူးနော်။ အခု မင်းအနားရှိနေတဲ့လူကိုသေချာဆွဲကိုင်ထားဖို့ သေချာဆက်ဆံဖို့အကြံပေးနေတာ။ ထယ်ယောင်းက မင်းကိုသိပ်ချစ်တာ မင်းသိတယ်မလား...? မင်းတို့နှစ်ယောက် အကူအညီလိုရင်လည်းတောင်းပါ။ အစ်ကိုတစ်ယောက်လို ကိုယ့်ကိုခင်နိုင်ပါတယ်...."

ထိုလူက အပြုံးတစ်ချက်နဲ့ပြောပြီးတာနဲ့ စက္ကူဗုံးတွေကိုသယ်ကာ နားနေခန်းထဲဝင်သွားလေ၏...။ ကိုယ်ကတော့ အတန်ကြာသည်အထိ ထိုနေရာမှာရပ်နေမိဆဲ...။

ကိုယ့်ချစ်သူကို ချစ်ပါတယ် ကြိုက်ပါတယ် ဆိုပြီးလာပြောရင်းအကြံဉာဏ်တွေလာပေးနေတဲ့လူအရှေ့မှာ ဘာမှတောင်ပြန်မပြောနိုင်ပဲကျန်ခဲ့ရသည့် ဘဝ...။ ဒါကျုပ်တို့ချစ်သူကိစ္စ၊ ခင်ဗျားဝင်ပါစရာမလိုဘူး၊ ယောင်းကိုကျုပ်ဘာသာကျုပ်စောင့်ရှောက်နိုင်တယ်ဆိုတဲ့စကားတွေတောင်ပြန်မပြောနိုင်ခဲ့ဘူး။ ကိုယ်အဲ့လိုတွေလုပ်နိုင်မှာမဟုတ်မှန်းကိုယ့်ကိုကိုယ်သိနေတာမို့...။ ကိုယ်ဟာ သိပ်ကိုအသုံးမကျတဲ့ရည်းစားတစ်ယောက်ပင်...။

Long Nights And Daydreams (Completed)Where stories live. Discover now