Episode-19

4.4K 452 134
                                    

#Unicode

တစ်လ...။ မောင်ကျောင်းထွက်သွားတာ တစ်လလောက်ရှိသွားပြီ...။ တကယ်တော့ မောင်က ကျောင်းတင်မဟုတ် ကိုယ့်ဘဝထဲကပါ ထွက်သွားတာပင်...။ ဒီတစ်လအတွင်း မောင့်အကြောင်းသတင်းအစအနလည်းမကြားရသလို အဆက်အသွယ်လည်းမရှိ...။

ကိုယ်ချစ်တဲ့သူက ရုတ်တရက်ကြီးကိုယ့်အနားကနေပျောက်ကွယ်သွားတာမို့ နာကျင်ခဲ့ရပေမယ့် ထွက်သွားမယ့်လူက အချိန်တန်ရင်ထွက်သွားမှာပဲမလား၊ ကိုယ်ဘယ်လောက်ပဲဆွဲထားပါစေလေ...။ ဒီလိုတွေတစ်ချိန်မှာဖြစ်လာလိမ့်မယ်ဆိုတာ ကိုယ်ကြိုတင်မခန့်မှန်းခဲ့မိတာလည်းမဟုတ်ဘူး။ ပြီးတော့ နောင်တလည်းမရတာကြောင့် အခုရက်ပိုင်းတွေမှာတော့ ကိုယ့်စိတ်တွေအနည်းငယ်တည်ငြိမ်နေတယ်လို့ဆိုလို့ရသည်...။

သွေးအေးသွားတာမျိုးမဟုတ်ပဲ၊ မောင့်ကိုမချစ်တော့တာမဟုတ်ပဲ ကိုယ့်ကိုကိုယ်ဖြေသိမ့်နိုင်သွားတာ...။ ကိုယ်သူ့ကိုချစ်ပေးခဲ့တာပဲဆိုတဲ့အတွေးနှင့်...။

အရင်လိုပဲ မောင့်နဲ့ပက်သက်တဲ့အတွေးတွေက ဦးနှောက်နဲ့နှလုံးသားထဲနေရာယူထားတုန်း၊ အရင်လိုပဲ မောင့်ဆီမှာကျရှုံးနေမိတုန်း...။ ဒါပေမယ့် မောင့်အကြောင်းတွေပဲအချိန်ပြည့်မတွေးမိအောင်လို့တော့ စာတွေကိုအရင်ကထက်ဖိလုပ်လာဖြစ်သည်...။ မောင့်ကိုအရမ်းလွမ်းလာမိတဲ့အချိန်တွေကျရင်တော့ စိတ်ကိုလွှတ်ချလိုက်ပြီး စိတ်တိုင်းကျလွမ်းပစ်လိုက်သည်...။

ရိုးရှင်းလှတဲ့ကိုယ့်ရဲ့ဘဝဟာ မောင်နဲ့မတွေ့သေးခင်အချိန်တုန်းကလို ကျောင်းစာရယ် အချိန်ပိုင်းအလုပ်ရယ်နဲ့ပဲ ပြန်ပြီးပြည့်နှက်လို့လာသည်...။ မောင့်အငွေ့အသက်လေးတွေကတော့ ကိုယ့်နှလုံးသားမှာ ကျန်နေခဲ့တာပေါ့လေ...။

"ထယ်ယောင်း..."

ကျောင်းရဲ့ကော်ရစ်ဒါတစ်လျှောက် လျှောက်လာခဲ့ရင်း ကျောင်းအုပ်ကြီးရုံးခန်းအရှေ့ကနေအဖြတ်မှာ ရုံးခန်းထဲကထွက်လာပုံရတဲ့ မင်ဟော့ sunbae နဲ့ဆုံသည်...။

"sunbae ပဲ...။ ရုံးခန်းမှာဘာကိစ္စရှိလို့လဲ...?"

"ကျောင်းထွက်ဖို့ကိစ္စလေ...။ Scholarship ရသွားတော့ US မှာကျောင်းဆက်တက်ရမယ်လေ။ အဲဒါကြောင့် အဲဒီ့ကိစ္စနဲ့ရုံးခန်းရောက်နေတာ..."

Long Nights And Daydreams (Completed)Où les histoires vivent. Découvrez maintenant