Episode-15

4.9K 465 159
                                    

#Unicode

မောင့် အိမ်မှာတစ်နေကုန်အတူမုန့်တွေလုပ်စားပြီး အချိန်တွေအတူဖြုန်းခဲ့ကြတဲ့နေ့ကစလို့ မောင်နဲ့ကိုယ့်ရဲ့ဆက်ဆံရေးက ပို၍ကောင်းမွန်လာသည်ဟုဆိုလို့ရသည်...။ အခုတလော မောင်က ကိုယ့်ကိုအချိန်တွေပိုပေးလာသလို ပိုပြီးလည်းဂရုစိုက်ပေးလာသည်...။ အထူးသဖြင့် မိန်းကလေးကိစ္စမရှုပ်တော့တာ...။ မောင့်အနားမှာအခုဆို အီစီကလီလုပ်နေကြတဲ့မိန်းကလေးတစ်ယောက်မှမတွေ့ရတာ တော်တော်ကြာပြီဖြစ်သည်...။

ဘာပဲဖြစ်ဖြစ် တဖြည်းဖြည်းနဲ့ပြောင်းလဲလာပုံရတဲ့ မောင့်အပြုအမူတွေကြောင့် ကိုယ်စိတ်ချမ်းသာမိတာတော့အမှန်...။ မောင်ကိုယ့်ကိုပြန်ချစ်လာတာများလား ဆိုတဲ့ မှေးမှိန်မှိန်မျှော်လင့်ချက်လေးဟာလည်း အသက်ပြန်ဝင်လာသည့်အတွက်ပင်...။

"အယ် ထယ်လေး.... စာအုပ်ဖတ်ရင်းပြုံးနေလို့ပါလား၊ ဗိသုကာပညာအကြောင်းရေးထားတဲ့စာအုပ်ထဲမှာ ပြုံးစရာဘာများပါလို့လဲ...?"

အတွေးနယ်ထဲလွင့်နေတုန်းမှာပင် ခပ်လှမ်းလှမ်းမှာစာအုပ်တွေစီနေရင်းမှ ပြောလာသော စာကြည့်တိုက်မှူး...။

ထိုအခါမှ ကိုယ်လည်းသတိပြန်ဝင်လာရင်း စာထိုင်ဖတ်နေရာမှတစ်ယောက်တည်းပြုံးနေမိသည့် ကိုယ့်အဖြစ်ကိုယ်သတိရတော့သည်...။

"ဒီလောက်ထိပြုံးနေပုံထောက်ရင် ပျော်စရာကိစ္စလေးတွေရှိလို့နဲ့တူတယ်...၊ အချစ်ရေးကိစ္စများလားနော်..."

ပြုံးစိစိနဲ့နောက်လာတဲ့ စာကြည့်တိုက်မှူးရဲ့စကားမှာ ကိုယ့်ခေါင်းလေးဟာ ရှက်စိတ်ကြောင့်ငုံ့သွားရတော့သည်...။

စာကြည့်တိုက်မှူးပြောတာလည်းမမှားပါ။ ကိုယ့်မှာ ပျော်စရာကိစ္စလေးတွေရှိနေတာအမှန်ပဲကို...။ အကြောင်းကတော့ မောင်ကလွဲပြီးတခြားမရှိနိုင်ပါ...။ ကိုယ့်ရဲ့ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေဟာ မောင်နဲ့တိုက်ရိုက်အချိုးကျသည်...။

သို့ရာတွင် အခုတလော ကိုယ့်ကိုအရင်ကထက်ပိုဂရုစိုက်ပေးကာ အမြဲတမ်းလိုလိုကိုယ့်အနားမှာပဲလိုက်ကပ်နေတတ်တဲ့မောင့်ကြောင့် ပျော်ရွှင်ရပြီး အခုလို မောင့်အကြောင်းတစိမ့်စိမ့်တွေးရင်း ခဏခဏ ပြုံးနေမိခြင်းပင်...။

Long Nights And Daydreams (Completed)Where stories live. Discover now