Episode-24

5.2K 435 84
                                    

#Unicode

"အတန်းထဲအထိ တစ်ယောက်တည်းသွားလို့ရရဲ့လား သခင်လေး...?"

"ဦးလေးကြီးကပါ ကျွန်တော့်ကို အခုချက်ချင်းသေတော့မယ့်လူနာတစ်ယောက်လို လာမဆက်ဆံပါနဲ့လား...? အိမ်ကလူတွေနဲ့တင် စိတ်ပျက်နေပြီမို့...!"

တက္ကသိုလ်တက်ရမယ့် ပထမဆုံးရက်...။ ကျောင်းအရှေ့ကားရပ်ပြီး ပြောလာသော ဒရိုင်ဘာဦးလေးကြီးအား ခပ်ဆတ်ဆတ်ပြန်ပြောရင်း ကားထဲကနေထွက်လာခဲ့လိုက်သည်...။

တကယ်တမ်း ကိုယ်တက်ချင်ခဲ့တဲ့ တက္ကသိုလ်က ဒီတက္ကသိုလ်တော့မဟုတ်ခဲ့ပေမယ့်လည်းပေါ့...။ ဒါပေမယ့် Brain Tumor ဆိုတဲ့ရောဂါဆိုးကြီးကြောင့် အိပ်မက်တွေ ရည်မှန်းချက်တွေရိုက်ချိုးခံထားရတဲ့ ကိုယ့်လိုလူက ဘာကိုများဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်တော့မှာတဲ့လဲ...။ အခုချိန်မှာ တွေ့သမျှလူတွေ တွေ့သမျှအရာတွေနဲ့ လောကကြီးကိုအရွဲ့တိုက်ဖို့ကလွဲ ကျန်တာစိတ်ကူးမရှိ...။

ကားထဲကထွက်ထွက်ချင်းမှာပဲတွေ့လိုက်ရတာက ဟိုတစ်စု ဒီတစ်စု စုနေကြသည့် ကျောင်းသားတွေ...။ ဘာကိစ္စရှိလို့လဲ၊ ဘာအကြောင်းကြောင့်လဲ စိတ်မဝင်စားတာမို့ တစ်ချက်သာဝေ့ကြည့်ပြီး ဒီအတိုင်း ကိုယ့်အတန်းရှိရာဆီသာလျှောက်လာခဲ့လိုက်သည်...။

ဒါပေမယ့် မှတ်မှတ်ရရပါပဲ...။ ထိုများပြားလှတဲ့ကျောင်းသားတွေထဲမှာမှ တစ်ယောက်သောသူကိုတော့ စွဲစွဲမြဲမြဲမှတ်မိနေခဲ့မိသည်...။ ကိုယ်နဲ့မျက်ဝန်းအကြည့်ချင်းတစ်စက္ကန့်တောင်အဆုံမခံပဲ ဖျတ်ခနဲခေါင်းငုံ့ချသွားခဲ့သည့် အူကြောင်ကြောင် ကောင်လေးတစ်ယောက်ကိုပေါ့...။

                                *****

"လမ်းခွဲရအောင် ဘေဘီတို့တွဲတာ တစ်ပတ်တောင်ပြည့်သေးတာမှမဟုတ်တာ၊ ဘာလို့လမ်းခွဲရမှာလဲ...? ဟင့်အင်း လမ်းမခွဲပေးနိုင်ဘူး...!"

မျက်စိရှေ့မှာရပ်ရင်း ငိုကြီးချက်မနဲ့ အော်ဟစ်နေသော ထိုမိန်းကလေးအား စိတ်ပျက်စွာဖြင့်သာ ကြည့်လိုက်သည်...။

ဘာများနစ်နာသွားလို့ ဒီလောက်ရင်ကွဲနာကျပြနေရလဲ မသိပါ...။ မျက်လုံးထဲဝင်လာလို့တွဲတယ်၊ သဘောမတွေ့လို့ပြန်ဖြတ်တယ်။ ဘာများထူးဆန်းနေလို့လဲ...။ ကိုယ့်လို လောကကြီးကိုအရွဲ့တိုက်ချင်လို့ မကောင်းတာတွေချည်းပဲရွေးလုပ်နေတဲ့လူကိုမှ လာကြိုက်ပြီး တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာကိုရော ကြိုတင်မတွေးထားကြဘူးလား...။

Long Nights And Daydreams (Completed)Tempat cerita menjadi hidup. Temukan sekarang