Episode-1

7.1K 552 98
                                    

#Unicode

'ဗိသုကာပညာ မေဂျာ တတိယနှစ်' ဟု စာတန်းကပ်ထားသည့် စာသင်ခန်း...။ ပြတင်းပေါက်ဘေးနားရှိ ကိုယ့်ရဲ့ထိုင်ခုံလေးမှာထိုင်ရင်း စာဖတ်နေစဉ်မှာပဲ...

"ထယ်ယောင်း...! ထယ်ယောင်း...!"

ကြားလိုက်ရတဲ့ခေါ်သံကြောင့် မော့ကြည့်မိတော့ ကိုယ့်နာမည်ကိုအော်ခေါ်ရင်း အတန်းထဲကို ကပျာကယာပြေးဝင်လာတာက ကိုယ့်ရဲ့တစ်ဦးတည်းသော သူငယ်ချင်း မင်ဟို...။

"ဘာလဲ...? ဘာဖြစ်လာလို့လဲ...?"

"ကျောင်းရှေ့မှာ ကျောင်းသားသစ်ရောက်နေတယ်...! လာ ငါတို့ သွားကြည့်ရအောင်...!"

"ဘာ... ဘာလို့သွားကြည့်..."

ကိုယ့်စကားကိုဆုံးအောင်တောင်မစောင့်ပဲ ကိုယ့်လက်ကိုအတင်းဆွဲခေါ်သွားတဲ့ မင်ဟိုကြောင့် သူ့နောက်အပြေးတစ်ပိုင်း ပါသွားရတော့သည်...။

ကျောင်းအဆောက်အဦးအရှေ့ဆီ ရောက်သွားလေတော့ တွေ့လိုက်ရတဲ့လူအုပ်ကြောင့် အနည်းငယ်တော့အံ့ဩသွားမိသည်...။ ဟိုဟိုဒီဒီ စုရုံး စုရုံး နဲ့ သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး အကြည့်တွေဝေ့ဝဲရင်းတီးတိုးပြောနေကြတဲ့ ကျောင်းသားကျောင်းသူတွေမှ အများအပြား...။

"ဒီလောက်လူတွေအများကြီး... ဘယ်လိုဖြစ်ပြီးဒီမှာစုနေကြတာလဲ...? ပွဲများရှိလို့လား...?"

"ဘယ်ကသာ ပွဲရှိရမှာလဲ...! ငါပြောတဲ့ ‌ကျောင်းသားသစ်ကိုတွေ့ချင်လို့ လာစောင့်နေကြတာ...! ဟိုမှာ ဟိုမှာ...!"

နားမလည်စွာမေးလိုက်တဲ့ ကိုယ့်စကားကိုပြန်ဖြေလာတဲ့ မင်ဟိုကလက်ညှိုးပါထိုးပြလာသည်။

မင်ဟို လက်ညှိုးထိုးပြရာနေရာအား အကြည့်ပို့လိုက်တော့ ရပ်ထားတဲ့မီးခိုရောင်ကားနောက်ခန်းထဲကနေထွက်လာသည့် ပြောင်လက်လက် ရှူးဖိနပ်တစ်ဖက်အား စတင်တွေ့လိုက်ရသည်...။ ရှပ်အင်္ကျီအဖြူရောင်ကိုအထဲကခံဝတ်ထားပြီး အပေါ်ကတော့အနက်ရောင်ဂျက်ကတ်ထပ်ကာ ဘောင်းဘီအနက်ရောင်နဲ့တွဲဖက်ဝတ်ထားလေ၏...။ ကားထဲကထွက်လာတဲ့သူက ကိုယ်တို့ရှိရာကိုကျောပေးကာရပ်ထား၍ မျက်နှာကိုတော့ အခုထိမမြင်ရသေး...။

Long Nights And Daydreams (Completed)जहाँ कहानियाँ रहती हैं। अभी खोजें