Episode-28

4.5K 414 63
                                    

#Unicode

"လမ်းကောင်းကောင်းပြန်လျှောက်နိုင်နေပြီပဲ။ ဒီလိုဆို နောက်အပတ်လောက် မောင်ဆေးရုံကပြန်ဆင်းလို့ရလောက်ပြီ။ အချိန်ခဏလေးနဲ့ပြန်သက်သာလာလို့ တော်သေးတာပေါ့..."

လမ်းလျှောက်လေ့ကျင့်တိုင်း ဘေးကနေ ထိန်းပေးမယ့်လူတစ်ယောက်အမြဲလို‌နေကျဆိုပေမယ့် ဒီတစ်ခါတော့ သူ့ဘာသာသူတစ်ယောက်တည်း ကောင်းကောင်းလျှောက်နိုင်ပြီဖြစ်သော မောင့်ကြောင့် ဘေးကနေရပ်ကြည့်နေရင်းပြောလိုက်သည့်ကိုယ့်စကား...။

ထိုအခါ မောင်က လမ်းလျှောက်လေ့ကျင့်နေရင်းနဲ့မှ ကိုယ်ရှိရာဆီလှည့်ကြည့်လို့လာပြီး...

"အဲဒါ ယောင်းရှိလို့လေ။ ယောင်းက မောင့်ကိုခွန်အားတွေပေးနေတော့ မောင်က မြန်မြန် နေပြန်ကောင်းလာတာပေါ့..."

မောင့်စကားအဆုံးမှာ ဘေးမှာရပ်နေတဲ့သူနာပြု‌မလေးက ပြုံးတုံ့တုံ့ဖြင့် ကိုယ်တို့နှစ်ယောက်ကိုကြည့်လို့လာသည်...။ ထိုအခါ ရှက်ပြီးခေါင်းကိုငုံ့ချလိုက်မိသော ကိုယ်...။ မောင်ကတော့ ရှက်သွားတဲ့ကိုယ့်အားအပြုံးတစ်ချက်ဖြင့် သဘောတကျကြည့်နေလေရဲ့...။

တစ်ယောက်အကြောင်းတစ်ယောက်အကုန်သိလာပြီး နားလည်မှုတွေ ယုံကြည်မှုတွေနဲ့ချည်နှောင်ခဲ့ပြီးတဲ့နောက်မှာ မောင်ဟာ အရင်ကထက်ပင် ကိုယ့်ကိုပိုချစ်ပေး ပိုဂရုစိုက်ပေးလာသည်...။ လူရှေ့သူရှေ့မရှောင် ချစ်စကား ကြိုက်စကားတွေကို ရဲရဲဝံ့ဝံ့ထုတ်ပြောလာသလို ကိုယ်နဲ့ပက်သက်လာရင် အသေးစိတ်ကအစ အတိမ်းအစောင်းမခံနိုင်စွာ ဂရုစိုက်တတ်သေးသည်...။ ဒါ့အပြင် ပိုပြီးလည်းချွဲတတ်လာသည်...။ အလုပ်မရှိတဲ့နေ့ ဆေးရုံကိုလာရင် တစ်နေကုန်ဆိုသလို ကိုယ့်အနားကနေကိုမခွာ...။ ယောင်းကိုသိပ်ချစ်တယ်ဆိုတဲ့စကားကတော့ နေ့တိုင်းမပြောမဖြစ် မောင့်ရဲ့လက်သုံးစကား...။

တစ်ခါတလေ အန်တီတို့အရှေ့ပါ ကဲသဲတတ်လို့ ပြောမိရင် မောင်ကပြန်ပြောသည်...။ အရင်က မောင့်ခံစားချက်အစစ်အမှန်တွေကို ယောင်းအရှေ့ထုတ်ပြဖို့အခွင့်အရေးမရခဲ့တာကြောင့် အခု အတိုးရောအရင်းပါ ပေါင်းပြီး ရင်ထဲကအချစ်တွေကိုထုတ်ဖော်နေတာပါ တဲ့လေ...။

Long Nights And Daydreams (Completed)Where stories live. Discover now