Episode-16

4.7K 462 118
                                    

#Unicode

"ဘယ်ကိုမောင်းပေးရမလဲ...?"

"ကျွန်တော့်အိမ်ကိုပဲမောင်းပေးပါ sunbae..."

ပြန်ဖြေလိုက်တဲ့ကိုယ့်ရဲ့လေသံခပ်တိုးတိုးနောက် မင်ဟော့ sunbae ဆီက သက်ပြင်းချသံကြားလိုက်ရသည်...။

မနက်ခင်းကတည်းက ရွာနေတဲ့မိုးဟာ သည်းသည်းမည်းမည်းကြီးမဟုတ်တော့ပေမယ့် တစိမ့်စိမ့်နဲ့ရွာသွန်းနေဆဲဖြစ်သည်...။ တိုက်ခန်းရှေ့ခပ်လှမ်းလှမ်းမှာ ကားရပ်လေတော့ တဖွားဖွားရွာနေဆဲမိုးရေထဲဒီအတိုင်းဆင်းသွားမိတဲ့ကိုယ့်အနား မင်ဟော့ sunbae က ထီးမိုးပေးရင်း တိုက်ခန်းအရှေ့ထိ လိုက်ပို့ပေးလာသည်...။

"တစ်ယောက်တည်း... အဆင်ပြေပါ့မလား...? ကိုယ့်ကိုတစ်မျိုးမထင်နဲ့နော်။ မင်းကြည့်ရတာ အားနည်းနေသလိုပဲ။ ဆေးခန်းလေးဘာလေးသွားမလား၊ ကိုယ်လိုက်ပို့ပေးမယ်..."

"ရပါတယ် sunbae...။ ကျွန်တော်သွားလိုက်ပါဦးမယ်။ ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်..."

ကိုယ့်ကိုစိတ်ပူနေပုံရတဲ့ မင်ဟော့ sunbae အား ကျေးဇူးတင်စကားတောင်အသေအချာမပြောနိုင်၊ ဘယ်ကနေဘယ်လိုဘတ်စ်ကားမှတ်တိုင်ဆီရောက်လာလဲဆိုတဲ့ လောကွတ်စကားတွေလည်းမပြုနိုင်ပဲ ဒီအတိုင်းသာလှည့်ထွက်လာခဲ့သည်...။ တိုက်ခန်းလှေကားပေါ်တစ်ထစ်ချင်းတက်လာတဲ့ ကိုယ့်ခြေလှမ်းတွေဟာ နှေးကွေးလျက်...။

ကိုယ့်မှာစကားလေးတစ်ခွန်းပြောဖို့တောင် အားမရှိတော့တာမို့...။ ခြေလှမ်းလေးတစ်လှမ်းလှမ်းဖို့တောင် ပင်ပန်းနေတာမို့...။

ကိုယ့်ရဲ့ပုံစံဟာ ဦးတည်ရာမရှိ လေနှင်ရာလွင့်နေတဲ့စက္ကူရွက်လေးတစ်ရွက်လိုပါပင်...။ ခပ်ကြမ်းကြမ်းလေတစ်ချက်အဝေ့မှာ လဲပြိုကျသွားနိုင်သည်အထိ လူရော စိတ်ပါ အားနည်းနေပြီဖြစ်သည်...။

တိုက်ခန်းထဲရောက်တာနဲ့ မိုးရေတွေတစ်စွန်းတစ်စဆိုနေတဲ့ အဝတ်အစားတွေကို‌တောင်မလဲအားတော့ပဲ ပင်ပန်းနေတဲ့ခန္ဓာကိုယ်အား ကုတင်ပေါ်ပစ်လှဲချလိုက်မိတော့သည်...။ ကိုယ်အပူရှိန်ဟာတရိပ်ရိပ်နဲ့တက်လာပြီး နေမကောင်းချင်သလိုလိုဖြစ်နေပြီဆိုတာသိပေမယ့် ဆေးလည်းထမသောက်မိသလို ဂရုလည်းမစိုက်မိ...။

Long Nights And Daydreams (Completed)Onde histórias criam vida. Descubra agora