Episode-2

4.9K 505 103
                                    

#Unicode

"စုစုပေါင်း ဝမ် ၇ ထောင် ကျပါတယ်..."

၂၄ နာရီဖွင့်တဲ့ အိမ်အနားက convenience store တစ်ခုမှာ ညဦးပိုင်းအချိန် cashier အဖြစ် အချိန်ပိုင်းဝင်လုပ်နေခြင်းဖြစ်သည်...။

ဒယ်ဂူကနေတက်လာပြီး ဆိုးလ်မှာတိုက်ခန်းငှားနေကာ တက္ကသိုလ်တက်နေရခြင်းဖြစ်တာကြောင့် ကိုယ့်မှာ အချိန်ပိုင်းအလုပ်နဲ့လက်မလည်...။ အဖေမရှိတော့တာကြောင့် ဒယ်ဂူမှာကျန်ခဲ့တဲ့အမေနဲ့အဖွားနှစ်ယောက်တည်းရဲ့အားနဲ့မလောက်ပေ...။ အမေနဲ့အဖွားကတော့ အပြည့်အဝထောက်ပံ့ပေးနိုင်ပါတယ်လို့ပြောပေမယ့် အရွယ်ရောက်ပြီးသားကိုယ်က လူကြီးတွေကိုဒုက္ခမပေးချင်တာကြောင့် အိမ်လခနဲ့ကျောင်းစရိတ်ကို ကျောင်းအားတဲ့အချိန်အချိန်ပိုင်းအလုပ်တွေလုပ်ရင်းဖြင့်သာ ကိုယ့်ဘာသာကိုယ်ရှာဖွေသည်...။

ဒါကြောင့်လည်း မင်ဟိုက ကိုယ့်ကိုစာနဲ့အချိန်ပိုင်းအလုပ်ကလွဲပြီးမသိတဲ့သူလို့ပြောတာဖြစ်သည်...။

"ရော့... အေ့...!"

ပထမ customer တစ်ယောက်အား ငွေရှင်းပေးပြီးနောက် ခုံပေါ်ကို ဘီယာဘူးနှစ်ဘူးအား ဒေါက်ခနဲချကာရောက်လာသည့် နောက်ထပ် customer ဦးလေးကြီးတစ်ယောက်...။ အရက်စော်လည်းနံဟောင်နေပြီး ခန္ဓာကိုယ်ကဒယိမ်းဒယိုင်ဖြင့်...။ ဒီလို store တွေမှာ ဒီလိုညပိုင်းအချိန်တွေဆို အရက်မူးနေတဲ့လူတွေကို တွေ့နေကျဖြစ်သည်...။ ဒါပေမယ့် ဒီဦးလေးကြီးကတော့ တော်တော်အခြေအနေဆိုးနေတဲ့ပုံ...။

"ဝမ် ရှစ်ထောင့်ငါးရာပါ..."

ပြောလိုက်တော့ မူးမူးနဲ့ အင်္ကျီအိတ်ကပ်ကိုနှိုက်ကာ ပိုက်ဆံရှာလေ၏...။ သို့သော် တော်တော်နဲ့ထွက်မလာတဲ့ပိုက်ဆံ...။

"အော... ပိုက်ဆံ ပါမလာဘူးပဲ..."

ရှိသမျှအိတ်ကပ်တွေအကုန်နှိုက်ကြည့်ပြီးတော့မှ အာလေးလျှာလေးနဲ့ပြောလာတဲ့ စကား...။

"အလကားပဲယူသွားလိုက်တော့မယ်... ရတယ်မလား...?"

"မရဘူးပါဘူးခင်ဗျ...! အဖိုးအခ ပိုက်ဆံတော့ပေးခဲ့ရပါမယ်...!"

ပြောရင်းဆိုရင်း ဘီယာဘူးနှစ်ဘူးအားဆတ်ခနဲဆွဲယူသွားတဲ့ထိုလူ့အားပြောလိုက်သောအခါ...

Long Nights And Daydreams (Completed)Where stories live. Discover now