Episode-25

4.2K 387 74
                                    

#Unicode

"ဂျောင်ကု... နင် ဒီလိုနေလို့မရဘူးလေ။ နိုင်ငံခြားမှာသွားကုမလားဆိုတော့လည်းမကုဘူး။ အဲဒါဆို ဒီမှာပဲခွဲစိတ်မလားဆိုတော့လည်းမခွဲစိတ်ဘူး။ အဲဒီ့လိုလုပ်လို့မှမရတာ။ ဆေးတွေ ဓာတ်ရောင်ခြည်ကုထုံးတွေက ရောဂါကိုခဏလောက်လေးပဲသက်သာစေမှာ...! ခွဲစိတ်ကုသမှုခံယူမှ နင့်ရောဂါအခြေအနေကတိုးတက်လာမှာပေါ့ ဂျောင်ကုရဲ့..."

"ခွဲစိတ်ကုသမှုခံယူရင်ရော ကျွန်တော်က အသက်ဆက်ရှင်နိုင်မှာသေချာလို့လား...? အသက်ဆက်ရှင်နိုင်မယ့်ရာခိုင်နှုန်းက ၅၀ တောင်ရှိရဲ့လား...?"

သူ့စကားကိုပြန်မေးလိုက်သည့်အခါ အစ်မဆီကနေအဖြေပြန်မရတော့...။ လက်ထဲမှာဆရာဝန်ဂျူတီကုတ်ကိုကိုင်ထားပြီး ခွဲစိတ်ဖို့ကိုယ့်ကိုနားချမရတာမို့ အားမလိုအားမရဖြစ်နေတဲ့အစ်မ...။ ကိုယ့်ရဲ့တစ်ဝမ်းကွဲအစ်မဖြစ်သလို ကိုယ့်ရောဂါရဲ့တာဝန်ခံဆရာဝန်ဆိုလည်းဟုတ်သည်...။

"အဲ့လိုမဟုတ်ဘူးလေ၊ ဂျောင်ကုရယ်..."

"ဒါဆို ဘယ်လိုလဲ...? တကယ်လို့ ခွဲစိတ်ကုသမှုခံယူလိုက်လို့ အသက်ဆက်ရှင်နိုင်တယ်ဆိုရင်တောင် အိပ်မက်တွေ ရည်မှန်းချက်တွေရိုက်ချိုးခံလိုက်ရတဲ့ကျွန်တော်က ပျော်ပျော်ကြီးအသက်ဆက်ရှင်နေနိုင်မယ်ထင်လို့လား...? တော်ပြီ အစ်မရာ...! အဲ့အကြောင်းဆို ကျွန်တော့်ကိုလာမပြောနဲ့...!"

မနက်စောစောစီးစီး ကျောင်းမသွားခင် အိမ်လာပြီး ခွဲစိတ်ကုသဖို့လာနားချနေတဲ့အစ်မကို ပြောလိုက်ရင်း အိမ်ထဲကထွက်ဖို့ပြင်တော့ တစ်ယောက်တည်းမသွားဖို့လှမ်းတားသည်...။

"တစ်ယောက်တည်းမသွားနဲ့၊ ငါလိုက်ပို့ပေးမယ်...!"

"ဒီလမ်းက သွားနေကျ...! ကျွန်တော့်ကို အခုချက်ချင်း သေတော့မယ့်လူတစ်ယောက်လိုသည်းသည်းလှုပ်လာမဆက်ဆံပါနဲ့လား...?"

"အေး အဲဒါဆိုနင်လည်း ငါတို့ပြောစကားလေးကိုနည်းနည်းလောက်ဖြစ်ဖြစ်နားထောင်ပါလား...? အန်ကယ်နဲ့အန်တီ့မျက်နှာကိုလည်းကြည့်ဦး...!"

အစ်မရဲ့စကားကြောင့် ဧည့်ခန်းထဲမှာထိုင်နေကြတဲ့ ဒယ်ဒီနဲ့မာမီ့ကိုလှမ်းကြည့်မိတော့ မျက်နှာတွေဟာ မကြည်မသာ...။ ဒီလိုနဲ့ပဲ အစ်မရဲ့ကားပေါ်တက်လိုက်လာခဲ့ရတယ်ဆိုပါတော့...။ အစ်မဟာ ကိုယ်နဲ့အသက်ကွာပေမယ့် ဟိုးငယ်ငယ်လေးတည်းက ကိုယ့်ကိုဝိုင်းထိန်းကျောင်းပေးခဲ့သူဖြစ်ပြီး ရင်းနှီးတာမို့ အခုလိုပြောမ‌နာဆိုမနာအခြေအနေနှင့် ကိုယ့်ကိုဂရုစိုက်ပေးနေတာဖြစ်သည်...။

Long Nights And Daydreams (Completed)Donde viven las historias. Descúbrelo ahora