အပိုင်း ၉

Start from the beginning
                                    

ဤရိုက်ချက်ကတော့ အနည်းငယ်ပြင်း၍ သွားတချို့ပင် ကျွတ်ထွက်ကုန်တော့သည်။

"ကျွင်းရှောင်ယောက်က ဘယ်သူဆိုတာ သိလား..။ သူ့အဖေကရော ဘယ်သူလဲဆိုတာ သိလား"
ကျွင်းကျန်းကျန့် သွေးအန်လုနီး ဒေါသထွက်သွားသည်။

ဒီလန်ချင်းယာ့က သူ့စီကွမ်အနေအထားကို တည်ငြိမ်နေပြီထင်လို့ လာကိုင်လှုပ်ဖို့ ကြိုးစားနေတာလား။

"ကျွင်းဝူဟွေ့က အခုဘယ်နေရာမှာဆိုတာ ဘယ်သူမှမသိဘူး မဟုတ်လား"
လန်ချင်းယာ့ အံကြိတ်၍ ပြောလိုက်သည်။

"မင်းက ဦးလေးဝူဟွေ့ကို စော်ကားဖို့ အရည်အချင်း မရှိဘူးကွ"
ကျွင်းကျန်းကျန့်ဟာ ပိုအတင့်ရဲလာသော လန်ချင်းယာ့ကို ဒေါသတကြီးဖြစ်လာသည်။ သူက လန်ချင်းယာ့ပါးကို အကြိမ်ရေဒါဇင်ခန့်ရိုက်နှက်ကာ ဝက်ခေါင်းကဲ့သို့ ဖူးယောင်သွားစေခဲ့၏။

အနီးနားရှိ နောက်လိုက်များအားလုံးလည်း အံ့အားသင့်သွားကြတော့သည်။

အနောက်ဘက်က နေထွက်နေပြီ။
(TN လန်ချင်းယာ့ကို အမြဲဂရုစိုက်တဲ့ ကျွင်းကျန်းကျန်က ရိုက်နေလို့ပါ)

"ကျွင်းရှောင်ယောက်က ဦးလေးဝူဟွေ့သားဆိုတာကို ဘေးဖယ်ထားရင်တောင် သူ့အမေက ကျန်းမိသားစုရဲ့ နတ်ဘုရားမပဲကွ..။ ဘိုးဘေးဆယ့်ရှစ်တောင်မှ သူ့ကို အာရုံစိုက်နေတာ..။ ဒါကို သွားရန်စတယ်ဆိုတော့ ငါ့စီကွမ်ရာထူးကို ဖယ်ရှားချင်နေတာလား"
ကျွင်းကျန်းကျန့် ‌လန်ချင်းယာ့ကို သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

သူက အလွန်အတင့်ရဲကာ ကျွင်းမိသားစု၏ အမြင့်ဆုံးနောက်ခံရှိသော ကျွင်းရှောင်ယောက်ကိုမှ တိုက်ရိုက် စော်ကားခဲ့၏။

"ချင်းယာ့မှားပါတယ် သခင်လေးကျန်းကျန့်... ချင်းယာ့ကို ခွင့်လွှတ်ပေးပါ"
လန်ချင်းယာ့ ဖူး‌ရောင်နေသောမျက်နှာနှင့် ဒူးထောက် ထိုင်ချလိုက်သည်။

သူဟာ ကျွင်းကျန်းကျန့်က ကျွင်းရှောင်ယောက်ကို အလွန်ကြောက်၍ ဘာမဆိုလုပ်မည်ဟု ထင်မထားခဲ့ပါချေ။

"သွားစမ်း... ကျွင်းရှောင်ယောက်ကို သွားတောင်းပန်လိုက်"
ကျွင်းကျန်းကျန့် ပြောလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now