အပိုင်း -17 ဇာတ်သိမ်း
ဤသို့ဖြင့် သူတို့ငါးယောက်သား Club သို့သွားဖြစ်ကျသည်။ အောင်မြတ်စိုး ကတော့မကတတ်ပါ ဝါသနာလဲ မပါချေ ထိုကြောင့် အရက်အနည်းငယ်သာသောက်နေလိုက်သည်။ အနည်းငယ်သာဆိုသော်လဲ ပြန်တော့ပတ်ချာလည် မူးနေသည်။
" အယ် အောင်မြတ်စိုး တော့လွတ်နေပြီး ဟ သူဆိုင်ပြန်လို့တော့အဆင်မပြေတော့ဘူး ဘယ်လိုလုပ်မလဲ "
" ရတယ် မချစ်ခွန်းချို ကျွန်တော်ခေါ်သွားမယ် "
" နင့်ကဘယ်ခေါ်သွားမှာလဲ နင်တောင်အိပ်စရာနေရာမရှိတာကို "
" ဟာ... ကျွန်တော် Hotel Booking လုပ်ထားပါတယ်ဗျ "
" အေး အေး ကောင်းတယ် ထွန်းလင်း ငါတို့လဲ သူ့ကိုပြန်မပို့ရဲဘူး မသက်က သူ့လူကို မူးအောင်လုပ်လားလို့ အပြောခံထိမှာဆိုးလို့ ဟီး "
" ငါကဘာလို့ သူနဲ့လိုက်အိပ်ရမှာလဲ ငါဆိုင်ကိုပဲပြန်မယ် "
အောင်မြတ်စိုးက ဒယိဒယိုင်နှင့် ဗလုံးဗထွေးဖြင့် ဆိုင်သို့ပြန်မယ်သာပြောနေသည်။
" အေး အေး ဆိုင်ကိုပဲ ပြန်မယ်နော် "
ထွန်းလင်းက စိတ်ချမ်းသာအောင်ပြောပေးလိုက်သည်။
မြတ်စိုးလဲ အခန်းထဲရောက်မှ သူ့ဆိုင်မဟုတ်မှန်းသတိထားမိသွားသည်။" အာ.. ငါဆိုင်ကိုပဲပြန်မယ်လို့ "
မြတ်စိုးကဆိုင်ပြန်မယ်ဟုဆိုကာ အတင်းထတော့သည်။ ထတော့လဲ ယိုင်တိ ယိုင်တိုင်ဖြင့် သူကိုယ်သူ မထိန်းနိုင်ဖြစ်နေသည်။
" ဒီမှာပဲ အိပ်လိုက်ပါ မင်းတို့ဆိုင်က ပိတ်နေပြီလေ "
ထွန်းလင်းက အပေါက်ဝနားရောက်နေသော မြတ်စိုးအား ချော့၍ ပွေ့ချီကအိပ်ယာပေါ်တင်လိုက်သည်။
" ငါနည်းနည်းပဲသောက်တာကို ဘာလို့ဒီလောက်မူးသွားရတာလဲ "
မြတ်စိုးက မွေ့ယာအား တစ်ဖုံးဖုံးထု၍ပြောသည်။ မြတ်စိုးက မူးလျှင်ပို၍ပင် ချစ်စရာကောင်းနေသည်။ ထွန်းက မပြောမဆိုပင် မြတ်စိုး၏ နှုတ်ခမ်းကို နမ်းလိုက်သည်။
" အင့် မင်းဘာလုပ်တာလဲ ဒီမှာငါမူးနေတယ်ဆိုပြီး ငါကိုမဟုတ်တာ မကြံနဲ့နော် "
YOU ARE READING
အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )
Non-Fictionဒီ Fiction လေးကကျွန်တော့်ဘက်က တဖက်သက်သဘောကျခဲ့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ခဏတယ ဖြတ်သန်းခဲ့တဲ့အချိန်လေးတွေကို အခြေခံပြီးရေးထားတာဖြစ်ပါတယ်။ ပထမဆုံးရေးတာမလို့ လိုအပ်ချပ်များရှိခဲ့ရင် ခွင့်လွတ်ပေးပါဦး။