သူ့အပေါ် တကယ်ချစ်မိပြီးလား...

27 4 3
                                    

အပိုင်း-5

"ထွန်းလင်းနဲ့ သက်ပိုင်‌တို့များ မနက်က Alarmသံ အဲ့လောက်အကျယ်ကြီးကို တစ်ယောက်မှမနိုးဘူးနော် ဘယ်လိုများအိပ်ကျတုန်း "

အောင်မြတ်စိုးမှ ပြောလိုက်ခြင်းဖြစ်သည်။

"အော် ဟုတ်တယ် နိုးကို မနိုးဘူးဗျာ ဟားး ဟားး "

ဒီတစ်ခါတော့ ဖြိုးသက်ပိုင်မှ ပြန်ဖြေသည်။

"ဒါနဲ့ မင်းတို့ စိုးသူနဲ့သိတာလား "

စိုးသူဆိုသည်မှာ မသက် ညီမ ၏ယောင်္ကျားဖြစ်သည်။

နေ့လည်က သူတို့လင်မယားနှစ်ယောက် ပုဂံကပြန်လာ၍ မသက် အတွက်လက်ဆောင်များလာပေးရင်း သူတို့နှစ်ယောက်နှင့် စကားပြောနေတာ တွေ့၍ မေးကြည့်ခြင်းဖြစ်သည်။

"ဟုတ်သိတယ်လေ ကျနော်တို့ အစ်ကို တစ်ဝမ်းကွဲပဲ "

"အော် ဟုတ်လား မသိဘူးလေ "

" အင်း အင်း မနက်ကျရင် သက်ပိုင် ထရမှာနော် Alarm ကို 7နာရီပဲပေးထားလိုက် မင်းမနိုးရင် ငါနှိုးပေးမယ်"

" ဟုတ် ဟုတ် "

အောင်မြတ်စိုးလဲ ထိုမျှသာပြောပြီး အိပ်ယာဝင်လိုက်သည်။

အိပ်သည့်အချိန်တွင် ဖြိုးသက်ပိုင်မှာ အောင်မြတ်စိုးနှင့် နိုင်ထွန်းလင်း၏ အလယ်တွင်အိပ်သည်။

မနက်ခင်းတွင် အောင်မြတ်စိုးမှနိုးစရာပင်မလိုပဲ နှစ်ယောက်လုံးထသွားသည်ကို အသံကြားလိုက်သည်။

နိုင်ထွန်းလင်းက အပေါ့သွားတာဖြစ်လိမ့်မည်ဟုတွေး၍ ဆက်အိပ်နေလိုက်သည်။ အောင်မြတ်စိုးက 9နာရီမှ ထမည်ဖြစ်သည်။

9နာရီသူနိုးသည့်အချိန် သူ့ဘေးကိုကြည့်လိုက်တော့ သူ့ဘေးမှာ အိပ်နေသူက နိုင်ထွန်းလင်း

"ဟင်း သူကငါ့ဘေးမှာဘာလိုလာအိပ်နေတာလဲ '

နိုင်းထွန်းလင်းသည် အိပ်မောကျနေပုံရသည် အောင်မြတ်စိုးလဲ ခုမှသေ ချာကြည့်မိသည် နိုင်ထွန်းလင်း အိပ်နေပုံသည် အလွန်ချစ်စရာကောင်းသည်။

သူ့ခေါင်းလေးကို ကိုင်ကြည့်ချင်သောကြောင့် လက်လှမ်းလိုက်သောလဲ နိုးသွားမှာဆိုး၍ ဒီတိုင်းပဲထလာလိုက်သည်။

အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )Where stories live. Discover now