အပိုင်း -4
ဆိုင်သို့ပြန်ရောက်သည်နှင့် နိုင်ထွန်းလင်း က မခိုင်ထံသို့ မုန့်ကိုပေးလိုက်သည်။
မခိုင်သည် ပေါင်မုန့်အား သူလဲစားဆိုင်မှဝန်ထမ်းတွေကိုလဲ လိုက်ကျွေးနေသည်။
" မခိုင် အဲ့မုန့်က 1600
တောင်ပေးရတာနော် "
အောင်မြတ်စိုးမှ 'စ' လိုက်သည်နှင့်" အမလေးတော် ဒီမုန့်လေး သေးသေးလေးကို 1600 တဲ့ကျမ သွေးတက်ပါပြီးအေ ဟားး ဟားး "
မခိုင် သည် သူ၏ ကျယ်လောင်စူးရှလှသော အသံဖြင့် အရွန်းထဖေါက်လိုက်သည်။
အမုန်တကယ်လဲ သွေးတက်စရာပင် ယခင် 700-800 သာရှိသော ပေါင်မုန့်လေးသည် ယခု 1600ဆိုတော့၊
" အဲ့ဒါ 600 ကြွေးတင်ခဲ့တယ်နော် ပေးရဦးမှာ "
အောင်မြတ်စိုး မှအကြွေးတောင်းလိုက်သည်။
" ရတယ် ရတယ် အဲ့ဒါကျွန်တော်ပဲ ပေးလိုက်မယ် အမေ့ကို ဝယ်ကျွေးတာ "
နိုင်ထွန်းလင်းမှ ဝင်ပြောခြင်းဖြစ်သည်။
နိုင်ထွန်းလင်း နှင့် ဖြိုးသက်ပိုင် တို့သည် မခိုင် အား စရောက်သည့်နေ့ကတည်းကပင်
အမေဟုသာခေါ်သည်။မခိုင်က ခေါ်ခိုင်းခြင်းဖြစ်သည်။ မခိုင် ၏ ယောင်္ကျားကိုတော့ အဖေဟု ခေါ်ခိုင်းသည်။
သူတို့နှစ်ယောက် မြန်မြန်နေသားကျ၍ ပိုမိုရင်းနှီးစေရန်ဖြစ်သည်။"အကိုဒီမှာနေတာ ကြာပြီးလား"
ညဘက်ဆိုင်သိမ်းပြီး၍ဖုန်းသုံးနေစဉ် နိုင်ထွန်းလင်းမှအောင်မြတ်စိုးအား မေးနေခြင်းဖြစ်သည်။
" အင်း 3နှစ်ကျော်တော့ရှိပြီး "
"အိမ်တွေ ဘာတွေမပြန်ဘူးလား ""မပြန်ပါဘူး အိမ်မှာနေရတာ ပျင်းလို့ "
" အကိုအိမ်ပေါ်က ဆင်းလာတာလား "
"မဟုတ်ပါဘူး ဒီတိုင်း မပြန်ချင်လို့ပါ""
"အကို ဒီမှာနေတာ အကိုမိဘ တွေသိတယ်ပေါ့ "
"အင်း သိတယ် "
အောင်မြတ်စိုးလဲ သူ့အကြောင်းတွေဘယ်သူကိုမှမပြောချင်တာကြောင့် ထိုမျှသာ ပြောလိုက်သည်။
YOU ARE READING
အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )
Non-Fictionဒီ Fiction လေးကကျွန်တော့်ဘက်က တဖက်သက်သဘောကျခဲ့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ခဏတယ ဖြတ်သန်းခဲ့တဲ့အချိန်လေးတွေကို အခြေခံပြီးရေးထားတာဖြစ်ပါတယ်။ ပထမဆုံးရေးတာမလို့ လိုအပ်ချပ်များရှိခဲ့ရင် ခွင့်လွတ်ပေးပါဦး။