အပိုင်း -12
မနက်ခင်း အောင်မြတ်စိုး အိပ်ယာထတော့ နိုင်ထွန်းလင်းနှင့် ဖြိုးသက်ပိုင်က အရင်ထနှင့် နေပြီးဖြစ်သည်။
" ပြန်တော့မယ် "
ပြောလာသူက နိင်ထွန်းလင်း၊
အောင်မြတ်စိုးကလဲ " အင်း " တစ်လုံးသာဖြေလိုက်သည်။
တစ်နေ့ကျရင် ပြန်မယ်လို့ ကြိုသိပြီသား ဖြစ်တာကြောင့် မအံဩပါ။
" ကော်ဖီသောက်ဦးမလား "
" အင်း သောက်မယ်လေ "
" အော် ငါကလဲ ပြန်မယ့်သူကိုတောင် ကော်ဖီဖျော်တိုက်နေရသေးတယ်နော် "
အောင်မြတ်စိုးက ဝမ်းနည်းနေသောလဲ ဟန်ဆောင်ပြုံး ပြုံး၍ ပြောလိုက်သည်။
" အာ.. အဲ့လိုလဲ မဟုတ်ပါဘူး ပြန်လာမှာပါ 2ရက်လောက်ပဲ "
" အဲ့ဒါဆို ဘာလို့ စောင်တွေရော ယူသွားမှာလဲ "
2 ရက်တည်းပြန်မှာမဟုတ်မှန်း အောင်မြတ်စိုး သိသည်။
" အမ်... ဟို.. အဲ့ဒါမင်းမသိပါဘူး "
" အေးပါ ပြန်ရင်လဲ ရေများများသောက်နော် အဲ့ဒါမှ အသားမပတ်မှာ "
" အင်း သောက်မှာပေါ့ "
ထိုချိန်မှာပဲ လာကြိုသည့်ကားရောက်လာသဖြင့် နိုင်ထွန်းလင်းနှင့် ဖြိုးသက်ပိုင်တို့ ပြန်သွားခဲ့လေပြီ။
" ခဏ ခဏ ရော့ မင်းကမသောက်နဲ့ပြောလဲ သောက်မှာပဲဆိုတော့ "
ကားထွက်ခါနီးမှ အောင်မြတ်စိုးလဲ သတိရပြီး သူဝယ်ထားတဲ့ ဆေးလိပ်ဘူး လိုက်ပေးလိုက်သည်။
နေ့လည်ခင်း တစ်နေကုန်အဆင်ပြေခဲ့ပေမယ့် ညအိပ်ချိန် အိပ်ယာပေါ်ရောက်တော့ အဆင်မပြေတော့ပါ။
ဘယ်သူမှ မရှိတော့တဲ့ Store ခန်းထဲမှာပဲ ဝင်အိပ်နေသည်။
နိုင်ထွန်းလင်း အိပ်ခဲ့သည့်ဘက်သို့ လှည့်လိုက်တော့ မျက်ရည်များ အလိုလိုကျလာခဲ့သည်။
တစ်စုံတစ်ယောက်ကို လွမ်းတယ်ဆိုတဲ့ခံစားချက်က အလွန်ဆိုးသည်။
အောက်မြတ်စိုးလဲ ဘယ်သူကိုမှ မလွမ်းချင်ပါ ဒါပေမယ့် သည်းနစ်အောင် ချစ်မိတော့လဲ လွမ်းရတာပဲမဟုတ်ပါလား..။
YOU ARE READING
အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )
Non-Fictionဒီ Fiction လေးကကျွန်တော့်ဘက်က တဖက်သက်သဘောကျခဲ့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ခဏတယ ဖြတ်သန်းခဲ့တဲ့အချိန်လေးတွေကို အခြေခံပြီးရေးထားတာဖြစ်ပါတယ်။ ပထမဆုံးရေးတာမလို့ လိုအပ်ချပ်များရှိခဲ့ရင် ခွင့်လွတ်ပေးပါဦး။