ကြာသောလဲမမေ့နိုင်ပါ

10 1 0
                                    

အပိုင်း -14

ဘာလိုလိုနဲ့ နိုင်ထွန်းလင်းနှင့် ဖြိုးသက်ပိုင်တို့ ပြန်သွားသည်မှာ 3လခန့်ပင် ရှိချေပြီး။

သို့သောလဲ အောင်မြတ်စိုးကတော့ တိုက်ဆိုင်မှုရှိလျှင် နိုင်ထွန်းလင်းအပေါ် သတိရနေဆဲပင်။

နိုင်ထွန်းလင်းတို့ အိပ်သွားသော ဖျာများသည်လဲ ဒီတိုင်းပဲရှိနေဆဲဖြစ်သည်။

အောင်မြတ်စိုးလဲ အားသည်နှင့် အညို၏ ကဗျာဖတ်နေသည်။ ထိုစဉ် ချစ်ခွန်းချိုနှင့် သူရိန်တို့ ရောက်လာပြန်သည်။

ချစ်ခွန်းချိုက ဝင်လာသည်နှင့် စကားစတော့သည်။

" မြတ်စိုး Fic တွေဖတ်နေတာလား ဟဲ ဟဲ "

" မဟုတ်ပါဘူး ကဗျာစာအုပ်ဖတ်နေတာ Fic တွေများထားတာ မရောက်သေးဘူး "

" ဟင်... မင်းထွန်းလင်းကို မမေ့နိုင်သေးဘူးလား"

သူရိန်က အံ့ဩဟန်ဖြင့် မေးနေသည်။

" မဟုတ်ပါဘူးကွာ ငါ့ဘာသာ ပျင်းလို့ ဖတ်နေတာ အခုလာတာ ဘာကိစ္စလဲ "

" ဟဲ့ ကိစ္စရှိမှလာရမှာလား ဟိုတစ်ခါ ငါတို့အိမ်က ပြန်ပြီကတည်းက မတွေ့ရတာကြာလို့ လာတွေ့တာ နင်အဆင်ပြေရဲ့လာလို့ "

" အော် အေ ဟုတ်သားပဲနော် အဲ့ကနေ မတွေ့ဖြစ်ကျတော့ဘူး အမယ် အဲ့တော့ ငါနဲ့မတွေ့တဲ့အချိန် နင်တို့တွေပဲ လျှောက်လည် ကျတာပေါ့ "

" အမလေး မဟုတ်ရပါဘူးဗျာ အဲ့ကနေ ငါတို့လဲ မအားရပါဘူး ချစ်ခွန်းချိုကလဲ သင်တန်းတက်နေတာနဲ့ "

" အယ် ဟုတ်လား ဘာသင်တန်းတွေလဲ "

" စာရင်းကိုင်ပဲပေါ့‌ဟယ် ငါတို့ဆိုင် ချဲ့တော့မှာလေ "

" အော် အေပေါ့ ဆိုင်ချဲ့ရင် စာရင်းတွေ အရင်ထက်ပိုလုပ်ရတော့မှာကို "

" အဲ့ဒါဆို ငါတို့ အားတုန်း Alibaba သွားမလား ဟီးး "

သူရိန်က ဂိမ်းသွားဆော့ရန် စည်းရုံးချေပြီး။

" အော် မင်းလဲ အဲ့ဒါကို အခုထိ စိတ်မလျှော့သေးဘူးနော် "

အောင်မြတ်စိုးက နောက်လိုက်တော့။

အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )Where stories live. Discover now