တကယ်လို့ ပြန်ဆုံဖြစ်ခဲ့ရင်.....

8 1 0
                                    

အပိုင်း -13

အောင်မြတ်စိုးလဲ နေ့ဆိုလျှင်နိုင်ထွန်းလင်းအပေါ်လွမ်းသည့်စိတ်ကို ဖျောက်နိုင်ပေမယ့် ညဆိုရင်တော့ ဘယ်လိုမှ မမေ့နိုင်။

ညဆိုလျှင် ပိုလို့တောင် လွမ်းမိသည်။ နိုင်ထွန်းလင်းနှင့်အတူအိပ်ခဲ့သည်မှာ ခဏမျှသာဆိုသောလဲ အမှတ်တရ အများကြီးဖြစ်ခဲ့သည် မဟုတ်ပါလား။

အရမ်းလွမ်းလာရင်တော့ Messenger တွင်စကားသွားပြောသည် Facebook တွင်သူပုံလေးတွေ ခိုးကြည့်သည်။

နိုင်ထွန်းလင်းဘက်ကလဲ သူစိတ်ပါလျှင် စာပြန်သည်။ မပါလျှင် Seen ပါမပြထိုပုံစံအတိုင်းသာ အလွမ်းဖြေနေရသည်။

" မြတ်စိုး နင့်ညကျတော့ ဘယ်မှာအိပ်လဲ "

သူစတိုးခန်းထဲမှာပဲ အိပ်နေတာကို မသက်က သိသွားသဖြင့် တမင်မေးနေခြင်းဖြစ်သည်။

" အော် စတိုးခန်းထဲမှာပဲလေ ဟီးး "

" ဟော်တော် ဘာလို့ အဲ့ထဲမှာပဲ အိပ်နေတာတုန်း နင့်တစ်ယောက်ပဲရှိတော့တာကို "

" အော် ထွန်းလင်းတို့က ပြန်လာမယ်ဆိုလို့ လွမ်းဆွတ်သတိရခြင်းများစွာနဲ့ စောင့်ဆိုင်းနေတာလေ ကျနော် အိပ်နေတဲ့အချိန်များ ပြန်လာမလားလို့ ဟားး ဟားး "

အောင်မြတ်စိုးလဲ တမင် ဟာသ လုပ်ပြောလိုက်သည်။
" အော် အေ ငါဖုန်းဆက်ဦးမှပါအေ ထွန်းလင်းနဲ့ သက်ပိုင်ဆီ သူတို့ပြန်လာမယ်ပြောတာပဲ ဘယ်နေ့လဲ မသိဘူး "

" အာ ပြန်လာမှာ မဟုတ်ပါဘူး သူတို့ အတို့အဝတ်စားတွေ စောင်တွေ အကုန်ယူသွားတာကို "

" အေပါ ဒါပေမယ့် ဆက်ကြည့်လိုက်ဦးမယ် "

" ဟလို သက်ပိုင်လား အေ ဘယ်နေ့ပြန်လာမှာလဲ ပြန်လာမှာဆို "

" ဟုတ် အမေ လကုန်လောက် ပြန်လာမှာ "

" အေ ဒီမှာ မြတ်စိုးက ထွန်းလင်းကို သတိရလို့တဲ့ အိပ်ယာတောင် မပြောင်းဘူး ဟားး ဟားး "

" ထွန်းလင်းကလဲ မြတ်စိုးကို သတိရတဲ့တယ် အမေရေ ဟဲ ဟဲ "

" အေ သတိရရငါ ပြန်လာခဲ့ကျပါအေ ဒီမှာ နင့်တို့မရှိတော့ ငါတို့တွေက အလုပ်ရှုပ်နေကျတာ "

အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )Where stories live. Discover now