ချစ်ခဲ့ပါသည်။ သို့သော်.....

17 2 0
                                    

အပိုင်း -15
" မောင့်ကိုကြည့်ရတာ အခုတစ်လော တစ်မျိုးပဲနော် "

" မောင် အရင်ကတည်းက ဒီတိုင်းပဲ မဟုတ်ဘူးလား "

ဆုရတီသည် နိုင်ထွန်းလင်း မန္တလေးကပြန်လာကတည်းက အရင်လိုမဟုတ်ပဲ ပြောင်းလဲနေတာ သတိထားမိနေသည်။

" သိပါတယ် မောင်က ရတီနဲ့ဆို‌ အေးစက်တတ်မှန်း ဒါပေမယ့် မန္တလေးက ပြန်လာကတည်းက မောင်အရင်ကထက် ရတီပေါ်မှာ ပိုပြီးအေးစက်လားတယ်လိ့ ခံစားရတယ် "

" အဲ့ဒါ ရတီထင်လို့ပါ မောင်ကတော့ အရင်တိုင်းပါပဲ ဘာမှမပြောင်းလဲဘူး "

" မောင် ရတီ့ကို မညာပါနဲ့ မောင် လုံးဝ ပြောင်းလဲ သွားတယ်ဆိုတာ အသိသားကြီးပါ မောင်......"

" ရတီ့ ဘက်က သိတယ်ဆိုရင်လဲ ထက်မမေးလို့ ရလား မောင်အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆက်မပြောချင်တော့ဘူး "

နိုင်ထွန်းလင်းက ဆုရတီဆက်ပြောမည့်အချိန်မှာပင် လက်ကာ၍ စကားစဖြတ်ဖို့ ကြိုးစားလိုက်သည်။

သူလဲမနာကျင်ချင်သလို ဆုရတီကိုလဲ မနာကျင်စေချင်ပါ။

" ဘာလို့လဲ မောင် ကိုမြတ်စိုး ကြောင့်လား "

ဆုရတီလဲ သည်းမခံနိုင်သည့်အဆုံး ဒဲ့မေးလိုက်သည်။

" ရတီ့ ဘက်ကဒဲ့မေးတော့လဲ မောင့် ဘက်ကလဲ ဒဲ့ပဲဖြေပေးရရင် ဟုတ်တယ် ရတီ မြတ်စိုး ကြောင့်ပဲ မောင်သူ့ကို ချစ်မိနေပြီး ဘယ်သူ့အပေါ်မှာ မှမဖြစ်ဖူးတဲ့ခံစားချက်နဲ့ "

" ဒါဆို မောင်က Gay ပေါ့ "

" Bisexual ပါ မောင်က မောင် ချစ်မဲ့သူကို ယောင်္ကျားလေး၊မိန်းကလေးခွဲမထားပါဘူး မောင်ချစ်မိတဲ့သူက ယောင်္ကျားလေးတစ်ယောက်ဖြစ်နိုင်သလို့ မိန်းကလေးလေးလဲနိုင်ပါတယ်။

ဒါပေမယ့် အခုယောင်္ကျားလေးကိုချစ်မိနေပြီး ဒါကြောင့် ရတီလဲ မောင့်ကိုမေ့လိုက်ပါ တွဲခဲ့ကျတဲ့ အချိန်တွင်း ချစ်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်။

မောင်လဲ ရတီ့ကို ပြန်ချစ်ဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမယ် ဘယ်လိုမှ ပြန်မချစ်ပေးနိုင်တာကိုတော့ ခွင့်လွှတ်ပေးပါ "

အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )Where stories live. Discover now