ခံစားချက် ဒုတိယအဆင့်

18 5 3
                                    


အပိုင်း-6

ညဘက်ဆိုင်သိမ်းပြီးဖြစ်သဖြင့် အောင်မြတ်စိုးလဲ ထမင်းစားပြီး ပန်းကန်ဆေးနေသည်။

ထိုစဉ်သူ့လက်မောင်းကို လာကိုင်သော အထိတွေ့ကြောင့်ကြည့်လိုက်မိတော့ နိုင်ထွန်းလင်းပင်ဖြစ်သည်။

" ဟမ် ဘာကြီးလဲ မင်းကလဲ လန့်လိုက်တာ "

" ဟို…. ဟင်းနည်းနည်း မကျန်ဘူးလား "

"ဟင် မင်းတို့ထမင်းစားပြီးပြီမဟုတ်ဘူးလား "

"ဟုတ် စားပြီးပြီလေ "

" ဒါဆို ဟင်းက ဘာလုပ်မလို့လဲ "

" ဟီးး ဘီယာနဲ့မြည်ဖို့ " စပ်ဖြဲဖြဲနှင့်ပြောလာပုံသည် ချစ်စရာကောင်းနေသည်။

" အယ် မရှိဘူးလေ " ဟုအောင်မြတ်စိုး လိမ်လိုက်သည် သူဟင်းခိုးကျွေးတာ မသက် တို့သိလျှင် အပြောခံရမှာစိုးသောကြောင့်ဖြစ်သည်။

" လုပ်ပါ အကိုကလဲ မနက်ကဟင်းကျန်သေးတာ သိတယ်နော် "

ဟု ပြောပြောဆိုဆို သူ့လက်မောင်းအားလက်နှစ်ဖက်ဖြင့် ကိုင်ရမ်း၍ ကလေးတစ်ယောက်လို့ ပူဆာနေပုံသည်လဲ အလွန်ချစ်စရာကောင်းနေပြန်သည်။

နိုင်ထွန်းလင်းမှာ ဒဲ့ကြီးပြောလာသဖြင့်သူလဲ မငြင်းသာတော့ပဲ မနက်ကချက်သော ဝက်သားနှင့်မုန့်ညှင်းချဥ်ကြော်အား ခိုးပေးလိုက်သည်။

နိုင်ထွန်းလင်း သည် စရောက်သည့်နေ့ကတည်းက သူလိုချင်တာရှိလျှင် အောင်မြတ်စိုး အပေါ်ကလေးတစ်ယောက်လို လက်မောင်းလေးအား ကိုင်၍ပူဆာတတ်သည်။

အောင်မြတ်စိုး  သည်လဲ သနားတတ်သူမို့မငြင်းသာပေ၊

သူလဲပန်းကန်များဆေးဆက် ပြီး၍အိပ်ရန်အပေါ်ထပ်သို့တက်သွားလိုက်သည်။

နိုင်ထွန်းလင်းနှင့် ဖြိုးသက်ပိုင်တို့တော့ အခန်းထဲရောက်နေပြီးဖြစ်သည်။

အောင်မြတ်စိုး အခန်းထဲဝင်လိုက်စဉ်မှာပင် မျက်လုံးပြူးသွားသည်။ အဘယ်ကြောင့်ဆိုသော နိုင်ထွန်းလင်းနှင့် ဖြိုးသက်ပိုင် တို့သည် အင်္ကျီတွေချွတ်ထားကျသည် မဟုတ်ပါလား။

အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )Wo Geschichten leben. Entdecke jetzt