နားမလည်သော ခံစားချက်

18 4 1
                                    

အပိုင်း -8

နိုင်ထွန်းလင်း နှင့်ဖြိုးသက်ပိုင်တို့ စရောက်‌သည့်နေ့တွင် မသက်ပြီးတော့ အောင်မြတ်စိုးနှင့်စကား စပြောရသည်။

အောင်မြတ်စိုး စကားပြောနေပုံက ရုပ်တည်ကြီးနှင့်ဖြစ်သောလဲ ချစ်စရာကောင်းသည်ဟုလဲ ထင်မိသည်။

အောင်မြတ်စိုးနှင့်စတွေ့သည်နှင့် အရင်က မခံစားဖူးသော ခံစားချက်မျိုးကိုလဲ ခံစားရသည်။

ဘယ်ယောက်ကျားလေးပေါ်မှာမှ မဖြစ်ဖူးသော ခံစားချက်ဆိုတာကိုတော့ နိုင်ထွန်းလင်းသိသည်။

ထိုကြောင့် အောင်မြတ်စိုးပြောသမျှကို သူမသိလိုက်ခင်မှာပင် ပြန်ဖြေနေမိသည်။

နောက်နေ့မနက်တွင် နိုင်ထွန်းလင်း၏ လက်အောက်မှ တစ်စုံတစ်ခုကို ဆွဲယူလိုက်သည့် အထိတွေ့ကြောင့်နိုးလာခဲ့သည်။

ဆွဲယူလိုက်သူမှာ အောင်မြတ်စိုးပင် ဖြစ်သည် သူ့ဖုန်း Alarm မြည်သံ‌ကြောင့် နိုးလာခြင်းဖြစ်မည်။

သူကလဲ သူပင် ဖုန်းကို နား နားမှာထားတာတောင် မနိုးပေ၊

အောင်ခမှ " 7နာရီထိုး‌နေပြီး " ဟု တုံးတိ ကြီးပြော၍ ဖုန်းပြန်ပေးသဖြင့်ယူလိုက်သောလဲ သူ့စိတ်ထဲမှာတော့ ၊

အောင်မြတ်စိုးသည် မနက်အိပ်ချင်မူးတူး ပုံစံဖြစ်နေသောလဲ ချစ်စရာကောင်းသည်ဟုပဲ တွေးမိနေပြန်သည်။

နိုင်ထွန်းလင်းလဲ နေ့လည်ခင်း ပျင်း‌နေ သဖြင့် ဟိုနားဒီနား လျှောက်သွားကြည့်နေသည်

အဝေးကြီးလဲ မသွားရဲပဲ မန္တလေးလမ်းများမှာ ရိုးရှင်းသည်ဆိုသောလဲ မသိသောသူတစ်ယောက်အတွက် လမ်းပျောက်နိုင်သည် မဟုတ်ပါလော။

ထိုကြောင့် အဝေးကြီးမသွားတော့ပဲ ပြန်လာလိုက်သည်။

သူပြန်လာစဉ် သူနှင့်မျက်နှာချင်းဆိုင်မှာ အောင်မြတ်စိုးလာနေသည်ကို လှမ်းမြင်လိုက်သည်။

ဘယ်ကပြန်လာလဲ မေးသဖြင့် လမ်းလျှောက်ထွက်လာကြောင်းပြောပြပြီး အောင်မြတ်စိုးမှ သူအပေါ် စိတ်ပူသည့် စကားများပြောနေတာကြောင့် သူစိတ်ထဲ ကျေနပ်မိသည်။

အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )Where stories live. Discover now