ပထမဆုံးတွေ့ဆုံမှု

45 5 4
                                    


အပိုင်း -2
' မြတ်စိုး ' မနေ့ကပြောထားတဲ့ နှစ်ယောက်လာပြီ နေရမယ့် နေရာပြလိုက်ဦး "
" ဟုတ် မသက်  "

အသစ်လာသော နှစ်ယောက်မှာ ညီအစ်ကို တစ်ဝမ်းကွဲဟုသိရသည်။

" လာ လာ ငါနဲ့လိုက်ခဲ့ "

ဝန်ထမ်းများတွက် အခန်းသည် အပေါ်ထပ်တွင်ဖြစ်သည်။

"မင်းတို့နေရမှာ ဒီအခန်းပဲ ငါကဟိုဘက်ထောင့်မှာ အိပ်မယ် မင်းတို့က ဒီဘက်ဟုတ်ပေါ့ ဟုတ်လား နှစ်ယောက်ထဲ သပ်သပ်နေချင်ရင်တော့ ဒီအခန်းရှင်းပြီးနေလို့ရတယ်"

"ဟုတ် ရပါတယ် အကိုကြီး အကိုနဲ့ပဲ ပေါင်းအိပ်လိုက်ပါ့မယ် "

နှစ်ယောက်ထဲမှ အငယ်ကောင်လေးက သွတ််ပုံရသည် အောင်မြတ်စိုး ပြောသမျှကို သူက ဒိုင်ခံ ပြန်ဖြေနေသည်။

အကိုကြီးဟု အခေါ်ခံရတော့ အောင်မြတ်စိုး စိတ်ထဲ နည်းနည်းတော့ အောင့်သွားသည်။ သူနဲ့အောင်မြတ်စိုး က အသက်လဲအများကြီး ကွာသည်လဲမဟုတ်။

အောင်မြတ်စိုး သည် 4လပိုင်းဆိုလျှင် အသက် 21ပြည့်မည်ဖြစ်သည်။

" အဲ့ဒါဆို အိတ်တွေထားခဲ့လေ မသက် ကပြောစရာရှိသေးတယ်တဲ့"

"ဟုတ် ဟုတ် "

"မသက် ပြောလို့ရပြီး "

"အင်း အင်း လာပြီး "

"ပြောစရာတော့ ထွေးထွေးထူးထူးမရှိပါဘူး နင်တို့ နှစ်ယောက်ဆေးလိပ်သောက်တတ်လား"

"ဟုတ်သောက်တတ်တယ်ဗျ "
အငယ်ကောင်လေးက ဖြေသည်။

" အင်း သောက်တာက သောက်လို့ရတယ် ဒါပေမယ့် ဧည့်သည် ရှေ့မှာတော့မသောက်နဲ့နော် လေးစားမှုပေါ့ နော် "

"အရက်တွေဘာတွေသောက်မယ်ဆိုလဲ ညဘက်အလုပ်ပြီးရင်သောက်လို့ရတယ် လွန်လွန်ကျုးကျူးတော့ မဖြစ်စေနဲ့ပေါ့ "

"ဟုတ်အစ်မ ကျနော်တို့က သောက်တတ်တယ်ဆိုပေမယ့် စည်းလွတ်ဝါးလွတ်တော့ မသောက်တတ်ပါဘူးဗျ အဲ့ဒီတွက် စိတ်မပူပါနဲ့ "

" အင်း အဲ့ဒါဆိုရင်တော့ အဆင်ပြေပါတယ် မနက်ကျရင် 7နာရီထရမယ် သန့်ရှင်းရေးလုပ်ရမယ် ဆိုင်ခင်းရမယ် တစ်ယောက်တလှည့်ပေါ့ "

အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )Där berättelser lever. Upptäck nu