အပိုင်း -9
ဒီနေ့တော့ဆိုင်တွင်လူပါးသည်။ နိုင်ထွန်းလင်းနှင့် ဖြိုးသက်ပိုင်မှာ ဂိမ်းဆော့နေကျသည်။
သူတို့ဆိုင်တွင် အလုပ်ချိန်ဖုန်းမသုံးရသော စည်းကမ်းမရှိချေ ၊ ဧည့်သည်ရှိရင်တော့ မသုံးရပေ၊
အောင်မြတ်စိုးလဲ သူတို့နားသွား၍ " ငါတို့ Facebook Add ရအောင်လေ "
" အော် အင်း Add မယ်လေ "
နိုင်ထွန်းလင်းက ချက်ချင်း ဂိမ်းထဲမှထွက်ပြီး ချက်ချင်း Add လာသည်။
" အမ် ငါအကောင့်နာမည် မင်းကို မပြောရသေးပါဘူး မင်းဘယ်လိုသိတာလဲ "
" အော် ဟို ... ဟို... "
အဲ့ဒါမှခက်ပြီဖြစ်သည်။ သူက အောင်မြတ်စိုး၏ အကောင့်ကို မရမက ရှာကြည့်ထားတာဖြစ်သည်။
အကောင့်အပ်ရန် စဉ်းစားမိသောလဲ လက်မခံမှာစိုးတာကြောင့် မအပ်တော့တာဖြစ်သည်။
နိုင်ထွန်းလင်း မျက်စိမျက်နှာပျက်နေပုံရသည်။
" အော်..... ဒီတိုင်းပဲ နာမည်နဲ့ရှာလိုက်တာပေါ့"
နိုင်ထွန်းလင်း၏ လိမ်ပုံများက လွန်စွာသိသာသည်။
အဘယ်ကြောင့်ဆိုသော အောင်မြတ်စိုးကသူ့အကောင့်ကို နာမည်အရင်းနဲ့ဖွင့်ထားတာမဟုတ်ချေ။
အောင်မြတ်စိုးလဲ ဘာမှပြောမနေတော့ပဲ ဒီတိုင်းပဲနေလိုက်သည်။
ညဘက်တော့မီးပျက်နေသဖြင့် နိုင်ထွန်းလင်းနှင့် ဖြိုးသက်ပိုင်မှာ Store ခန်းထဲဝင်၍ ဇာတ်ကားကြည့်နေကျသည်။
Store ခန်းဆိုသောလဲ မည်သည့်ပစ္စည်းမျှများများစားစား မရှိချေ။
အောင်မြတ်စိုးလဲ အခန်းထဲမသွားချင်သည်ကတစ်ကြောင်း သူ့ဖုန်းကလဲ အားမရှိတာကြောင့် သူတို့နှင့်ပဲဇာတ်ကားကြည့်ဖို့ တွေးလိုက်သည်။
" ငါ့ကိုလဲ ပြဦးလေ ငါ့ဖုန်းအားမရှိလို့"
" အင်း လာလေ "
နိုင်ထွန်းလင်းက ခေါ်သည်။
ဖြိုးသက်ပိုင်မှာ မြန်မာကားကြည့်နေသောလဲ နိုင်ထွန်းလင်းမှာကလေးစိတ်ကုန်သေးပုံမရပေ ၊အဘယ်ကြောင့်ဆိုသော သူကြည့်သောဇာတ်ကားမှာ တရုတ်စွမ်းအားရှင် ကာတွန်းကားဖြစ်သည်။
အောင်မြတ်စိုးလဲ သူမကြိုက်သော နိုင်ထွန်းလင်း၏ ကာတွန်းကားကိုသာ လိုက်ကြည့်သည်။
YOU ARE READING
အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )
Non-Fictionဒီ Fiction လေးကကျွန်တော့်ဘက်က တဖက်သက်သဘောကျခဲ့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ခဏတယ ဖြတ်သန်းခဲ့တဲ့အချိန်လေးတွေကို အခြေခံပြီးရေးထားတာဖြစ်ပါတယ်။ ပထမဆုံးရေးတာမလို့ လိုအပ်ချပ်များရှိခဲ့ရင် ခွင့်လွတ်ပေးပါဦး။