Birthday

17 3 4
                                    

အပိုင်း -7

အောင်မြတ်စိုးနှင့်မသက် တို့မန်နေဂျာခန်းထဲ စာရင်းများတိုက်နေစဉ် နိုင်ထွန်းလင်း ဝင်လာသည်။

မန်နေဂျာခန်းဆိုသောလဲ သူတို့ဆိုင်တွင်မန်နေဂျာမရှိပေ။

"မသက် ဒီနေ့ ကျွန်‌တော့် မွေးနေ့လေ ညကျရင် ဆိုင်မှာ Birthday Cake ခွဲချင်လို့ရလားမသိဘူး"

" အော် အေ ရပါတယ် 18နှစ်ပြည့်ပေါ့ "

"ဟုတ် မသက် "

" အင်း ခွဲမယ်ဆိုလဲ ဧည့်သည်မကျတဲ့ချိန်ခွဲပေါ့ ဧည့်သည်တွေနဲ့ဆို အဆင်မပြေဘူး "

" ဟုတ် ဟုတ် "

" အော် ဒါနဲ့ ကိုမြတ်စိုး ကိတ်မုန့်လိုက်မှာပေးပါ့လား ဆိုင်မသိလို့ ပြီးတော့ ကိတ်မုန့်မှာရင်းလိုအပ်တာတွေလဲဝယ်ချင်လို့  ဟီး "

နိုင်ထွန်းလင်းမှာ မန္တလေးက ဆိုင်များကို မသိသေးတာကြောင့် လိုက်ခဲ့ရန်ခေါ်နေခြင်းဖြစ်သည်။

" အယ် အခုထိ မမှာရသေးဘူးလား မှီပါ့မလားတောင်မသိဘူး မွေးနေ့ကိတ်ဆိုတာ တစ်ရက်လောက် ကြိုမှာရတယ် "

" ဟီးး ဟုတ်လား မသိဘူးလေ အရင်က အမေပဲ ဝယ်ပေးတာမလို့ ရမှာပါ လိုက်မှာပေးနော် "

" အင်း သွားမယ်ဆိုလဲ အခုသွားမယ်လေ အခုတောင် နေ့လည် 11နာရီထိုးနေပြီး "

"ဟုတ် ဟုတ် "

" အဲ့ဒါဆို မသက် ကျွန်တော် အရင်သွားလိုက်ဦးမယ်နော် "

" အေး အေး မှာပေးလိုက် မှာပေးလိုက် "

နိုင်ထွန်းလင်း၏ မျက်နှာမှာ ဝင်းလက် သွားပုံရသည်။

အောင်မြတ်စိုး လဲကိတ်မုန့်ကို နီးနီးနားနားကမှာရန်သာစဥ်စားလိုက်သည်။

နီးနီးနားနားဆိုတစ်ပြကျော်မှ ဝင်းထဲတွင်ရှိသည်။

" ကိတ်မုန့်ဆိုင်က ဒီဝင်းထဲမှာရှိတယ် အဲ့မှာ ကိတ်အရင်မှာခဲ့ပြီး လိုအပ်တာ ချစ်ခွန်းချိုတို့ဆိုင်မှာသွားဝယ်လိုက်မယ် ကိတ်မုန့်က ညနေလောက်မှရမှာ "

"ဟုတ် အဲ့ဒါဆို ကျနော် အဲ့ဆိုင်ရှေ့မှာ စောင့်နေမယ်နော် "

" ဟမ် ဘာလို့အထဲမဝင်တာလဲ "

အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )Opowieści tętniące życiem. Odkryj je teraz