အပိုင်း -16
" အော် ကိုမြတ်စိုး လားမရှိဘူးဗျ "
" ဟမ် မရှိဘူး "
ထွန်းလင်းနှင့်ရတီတို့ သံပြိုင်အော်မိရင်း ရတီမှ
" မရှိဘူးဆိုတော့ အပြင်သွားတာလား အလုပ်ထွက်သွားတာလား "
" အလုပ်ထွက်သွားတာတော့ မဟုတ်ဘူးဗျ အပြင်သွားတာ ဘယ်သွားလဲတော့ မသိဘူး "
" ထွန်းလင်း အပြင်သွားတာတဲ့ ဒီမှာပဲစောင့်နေမလား "
" ငါမစောင့်ခြင်းတော့ဘူး သူ့နောက်လိုက်သွားမယ် "
" ဟဲ့ နင်က သူသွားတဲ့နေရာသိလို့လား "
" ငါ့နောက်လိုက်ခဲ့ "
သူတို့၏ ခြေလှမ်းများက ချစ်ခွန်းချို၏ ဆိုင်သို့ ဦးတည်လျှက်။
" အန်တီ ကျနော်ကို မှတ်မိလားဗျ "
" အော် အေ မှတ်မိပါတယ် အလုပ် ပြန်လာလုပ်တာလား "
" အာ မဟုတ်ဘူးဗျ ကိုမြတ်စိုး ဆီလာတာ ရှိလာဗျ "
" အော် မြတ်စိုးက အိမ်က သမီးနဲ့နောက် သူ့သူငယ်ချင်းတစ်ယောက်နဲ့ Capital သွားကျတယ် "
" ဟုတ် ကျေးဇူးပါဗျ အဲ့ဒါဆို လိုက်သွားလိုက်ပါဦးမယ် "
ထွန်းလင်းက ချစ်ခွန်းချို၏ အမေအား နှုတ်ဆက်ခဲ့ပြီး Capital သို့လိုက်သွားကျသည်။
သူတို့ရောက်တော့ မြတ်စိုး တို့ကမုန့်စားနေကျသည်။
ထွန်းလင်းနှင့်ရတီတို့လဲ သူတို့ရှိသည့် စားပွဲဝိုင်းနားသို့သွားလိုက်သည်။ထွန်းလင်း ရောက်လာသည်ကို သူရိန်နှင့်ချစ်ခွန်းချိုက မြင်သောလဲ မြတ်စိုး က ဝင်ပေါက်ကို ကျောပေးထားသဖြင့် မမြင်ပေ၊
ထိုကြောင့် သုရိန်နှင့်ချစ်ခွန်းချိုတို့အား နှုတ်ခမ်းနားကို လက်ညိုးတစ်ချောင်းထောင်ပြ၍ ရှုတိုးတိုး လုပ်ပြလိုက်သည်။
သို့သော်လဲ သူရိန်နှင့်ချစ်ခွန်းချိုတို့မှာ မျက်နှာပိုးမသေကျပဲ မော့ကြည့် မော့ကြည့်လုပ်နေကျသည်ကို မြတ်စိုး သတိပြုမိသွားသည်။
" မင်းတို့ဘာဖြစ်နေကျတာလဲ ပြုံးစိစိနဲ့ "
" ဘာမှ မဟုတ်ပါဘူးကွာ "
YOU ARE READING
အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )
Non-Fictionဒီ Fiction လေးကကျွန်တော့်ဘက်က တဖက်သက်သဘောကျခဲ့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ခဏတယ ဖြတ်သန်းခဲ့တဲ့အချိန်လေးတွေကို အခြေခံပြီးရေးထားတာဖြစ်ပါတယ်။ ပထမဆုံးရေးတာမလို့ လိုအပ်ချပ်များရှိခဲ့ရင် ခွင့်လွတ်ပေးပါဦး။