နှလုံးသားပါတဲ့သူတိုင်း ချစ်နိုင်ပါတယ်

17 2 1
                                    

အပိုင်း -10

မနက်စာ စားကျတော့ နိုင်ထွန်းလင်းက အောင်မြတ်စိုး ၏ဘေးတွင် လာထိုင်သည်။

ထိုအခါမှ မခိုင်က သတိရသွားဟန်ဖြင့်၊ မသက်အား ဖောက်သည်ချတော့သည်။

" သိလား မသက် မနေ့ညက ‌မြတ်စိုးနဲ့ ထွန်းလင်းက ဖက်အိပ်နေကျတာတော့ "

" အယ် ဟုတ်လား "

မသက်က ပြုံးစိစိ နှင့်ပြန်မေးသည်။

" ဟုတ်တယ် မသက်ရေ... ကျွန်မတို့ ယောက်ကျားတွေတော့ ကျန်ရစ်ဖြစ်ပါပြီ အေ မြတ်စိုးက လင်ရသွားတော့ ဟားး ဟားး "

မခိုင် ကပြောနေသဖြင့် နိုင်ထွန်းလင်းကို ကြည့်လိုက်တော့ ပြုံးစိစိလုပ်နေသောလဲ ဘာမှဝင်မပြောသဖြင့် ၊ အောင်မြတ်စိုးကပဲ အရှက်ပြေ ဝင်ဖြေလိုက်သည်။

" အယ် အဲ့လိုမဟုတ်ပါဘူး ဒီတိုင်း အိပ်ပျော်သွားတဲ့အချိန် ကပ်ပြီးအိပ်ကျတော့ ဟိုဘက်လှည့် ၊ ဒီဘက်လှည့်နဲ့ ဖက်မိသွားတာပါ "

" ပြီးတော့ မခိုင် အဲ့လိုတွေမပြောပါနဲ့ အားနာစရာကြီး ထွန်းလင်းက ကြိုက်မှန်းမသိ မကြိုက်မှန်းမသိနဲ့ "

" ကြိုက်ပါတယ် "

နိုင်ထွန်းလင်း၏ဖြေသံကြောင့် အောင်မြတ်စိုးလဲ နိုင်ထွန်းလင်းဘက် လှည့်ကြည့်လိုက်တော့ ၊

သူနှင့်အကြည့်ခြင်း ဆုံသွားသဖြင့် နိုင်ထွန်းလင်းက အကြည့်လွှဲသွားသည်။

" ငါပြောချင်တာက တခြား ‌ယောင်္ကျားလေးတစ်ယောက်နဲ့ အဲ့လို အ 'စ' ခံရရင် မင်းအတွက် သိက္ခာ ကျတယ်တွေ ဘာတွေ ဖြစ်မှာစိုးလို့ပါ "

" မဖြစ်ပါဘူး နှလုံးသားရှိတဲ့သူတိုင်း ချစ်နိုင်တယ်မဟုတ်ဘူးလား "

" အင်း အဲ့ဒါလဲ ဟုတ်ပါတယ် ဒါပေမယ့် ယောင်္ကျားအစစ်ကြီးဆိုရင် တခြားယောင်္ကျားလေးတစ်ယောက်ကို ချစ်နိုင်ပါ့မလား သူလဲနှလုံးသားပါတာပဲ "

" အဲ့ဒါက ဖြစ်နိုင်ပါတယ် ဒါပေမယ့် မင်းနဲ့ငါ့ကို ' စ ' နေကျတာ ငါတကယ်အဆင်ပြေပါတယ် စိတ်မဆိုးပါဘူး "

" စိတ်မဆိုးဘူးဆိုလဲ ပြီးတာပါပဲ "

အောင်မြတ်စိုးလဲ ထိုမျှသာပြောပြီး ထမင်းလဲစားပြီးသဖြင့် ထလာလိုက်သည်။

အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )Where stories live. Discover now