အပိုင်း -11
ဒီနေ့ နိုင်ထွန်းလင်းက ခွင့်ယူမည်ဖြစ်သည်။ နေပြည်တော်က သူ့ကောင်မလေး လာ၍ ဦးပိန်တံတားသွားမည်ဖြစ်သည်။
ကောင်မလေးကတော့ ချောချောလေးပင်ဖြစ်သည်။ နာမည်က ဆုရတီတဲ့။
" မြတ်စိုး မင်းရော လိုက်ခဲ့ပါလား နယ်မြေမကျွမ်းသေးတော့ သွားရတာ ခပ်လန့်လန့်ဖြစ်နေလို့ ဟီး"
" အော် ငါလိုက်ရင် မင်းတို့အတွက် အနှောက်ယှက်ဖြစ်နေပါ့မယ် ပြီးတော့ သငါက ငါ့သူငယ်ချင်းတွေနဲ့မုန့်သွားစားဖို့ ချိန်းထားတာ "
" အဲ့ဒါဆိုလဲ သူတို့ကိုလဲ ကျွန်တော်တို့နဲ့လိုက်ဖို့ ခေါ်လိုက်ပါ့လား လူများတော့ ပျော်စရာကောင်းတာပေါ့ ဟီး "
" ဟုတ်သားပဲ ကိုမြတ်စိုးကလဲ လူများတော့ ပျော်စရာကောင်းတာပေါ့ ခေါ်ကြည့်ပါ့လား "
ဆုရတီကပါ ဝင်ပြောနေသဖြင့် အောင်မြတ်စိုးလဲ လက်ခံလိုက်သည်။" အာ ... အေးပါ ငါပြောကြည့်မယ် "
အောင်မြတ်စိုးလဲ ချစ်ခွန်းချို နှင့် သူရိန်ကို Group Call ခေါ်လိုက်သည်။
" အင်း ဒီမှာလေ ထွန်းလင်းက သူ့ကောင်မလေးနဲ့ ဦးပိန်တံတားသွားမှာကို ငါ့ကို သူတို့လိုက်ခိုင်းနေလို့ အဲ့ဒါ နင့်တို့လဲ လိုက်ခဲ့ပါလား "
" ဟယ် စိတ်တောင်မကောင်းဘူး နင့်ကောင်လေးက တခြားကောင်မလေးနဲ့ လည်မှာကို ဖော်လိုက်ပေးရဦးမယ်ပေါ့ ဟားး ဟားး "
ချစ်ခွန်းချိုက ဖုန်းထဲကပြန်ပြောသည်။
" အေလေး အဲ့ဒါတောင်ငါတို့ကို အဆစ်ခေါ်နေသေးတယ် "
ချစ်ခွန်းချိုက ပြောတော့ သူရိန်က ထောက်ခံနေပြန်သည်။
" ဒီမှာ အပိုတွေပြောမနေနဲ့ လိုက်မှာလား မလိုက်ဘူးလား သူတို့လည်ပြီးမှ မုန့်ဝင်စားကျမှာ "
အောင်မြတ်စိုးလဲ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
" အေဟယ် စိတ်ကြီးပဲ လိုက်ခဲ့ပါ့မယ် ဒီနေ့မှ ကြေးအိုး မစားရရင်ကို မရတော့ဘူး လိုက်မယ် လိုက်မယ် ဟုတ်ပြီလား "
JE LEEST
အသည်းနစ်အောင် ချစ်ရပါသော..... ( Completed )
Non-fictieဒီ Fiction လေးကကျွန်တော့်ဘက်က တဖက်သက်သဘောကျခဲ့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ခဏတယ ဖြတ်သန်းခဲ့တဲ့အချိန်လေးတွေကို အခြေခံပြီးရေးထားတာဖြစ်ပါတယ်။ ပထမဆုံးရေးတာမလို့ လိုအပ်ချပ်များရှိခဲ့ရင် ခွင့်လွတ်ပေးပါဦး။