Chapter 33

633 84 6
                                    

(zawgyi)

Doyoung ရဲ့ အခန်းဟာ ဆေးကုသမှုနဲ့ ပတ်သတ်ပြီး အကြောင်းအမျိုးမျိုးနဲ့ သူ အမြဲတမ်း ရောက်ဖြစ်နေကျ နေရာဆိုပေမယ့် ဒီတစ်ခါမှာတော့ စိတ်တွေလှုပ်ရှားလွန်းလို့ ထိုအခန်းကို သွားတဲ့ တစ်လျှောက်လုံး Donghyuck ကိုယ့်လက်ကို ဆွဲဆိတ်နေမိတာ၊ လက်ဖမိုးတစ်ခုလုံး နီရဲနေပြီဆိုတာတောင် သတိမထားမိ။

"သဲငယ်လေး ... တော်တော့။ ကြည့်ဦး ... လက်ခုံက နီရဲနေတာပဲ"

Mark က ပြောရင်းပင် သူ ဆွဲဆိတ်နေမိတဲ့ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ကာ ရပ်တန့်စေ၏။

"တအား မစိုးရိမ်ပါနဲ့ ... ရလဒ်ကောင်း ထွက်လာမှာပါ။ ကလေးရဲ့ အခြေအနေက တိုးတက်လာမှန်း သိသာနေတာပဲကို"

သို့ပေမယ့်လည်း ထိုအားပေးစကားကြောင့် Donghyuck ကိုယ့်ကိုကိုယ် ဟက်ခနဲသာ ခပ်တိုးတိုး ရယ်မိပါ၏။

အသက်မရှင်ချင်တော့ဘူးလို့ ပြောခဲ့တာ သူ မဟုတ်တဲ့အတိုင်း အခုကျတော့ ရောဂါ မသက်သာမှာကို ကြောက်နေမိတာလေ။

Doyoung ရဲ့ အခန်းရှေ့ကို ရောက်တဲ့အခါမှာတော့ သူ အသက်ပြင်းတိုလေး တစ်ချက် ချမိပြီးပင် ဘေးမှာ အတူရပ်နေတဲ့ Mark ကို ကြည့်မိတော့  သူ့ကို ခပ်ဖွဖွလေး ပြန်ပြုံးပြ၏။

ဒေါက် ... ဒေါက် ...

အခန်းတံခါးခေါက်ကာ ဝင်သွားလိုက်တော့ Doyoung က မျက်မှန်ကို အနည်းငယ် အောက်လျှောပြီး လူနာတွေရဲ့ စာရွက်စာတမ်းတွေကို စူးစိုက်ပြီး ဖတ်နေရာမှ သူတို့ကို မော့ကြည့်လာ၏။

"Donghyuck ... လာလေ ကလေး"

ဆရာဝန်ကြီးက သူ့စားပွဲရဲ့ရှေ့က ခုံမှာ ဝင်ထိုင်ဖို့ နွေးထွေးစွာပင် ခေါ်ပေမယ့် Donghyuck ရဲ့ ခြေလှမ်းတွေက ခါတိုင်းထက် နှေးနေမိ၏။

"hyung တို့ အရင်တစ်ခါ ကုသမှုပြီးတော့ ဆေးပြန်စစ်ထားတာလေ ... အဲ့တာ အဖြေ ရပြီ ကလေး။ စိတ်လှုပ်ရှားနေလား? Lee Mark က ပိုစိတ်လှုပ်ရှားနေမယ် ထင်တယ်"

နံရံနားက ဆိုဖာပေါ်မှာ ထိုင်ပြီးပင် လှုပ်လှုပ်ရွရွ ဖြစ်နေတဲ့ Mark ကို Doyoung က တစ်ချက် လှမ်းကြည့်ကာ ပြုံးတုံ့တုံ့နဲ့ မေးတော့ သူ ခပ်ဖျော့ဖျော့သာ ရယ်မိ၏။

something like love - dark ver (happiness) {markhyuck}Where stories live. Discover now