Chapter 28

648 84 3
                                    

(zawgyi)

မြင်သမျှ အကုန်လုံးကို ဆွဲထိုးချင်မိလောက်အောင် လောင်မြိုက်နေတဲ့ ဒေါသကို ဘယ်လိုနည်းနဲ့ သူ ချုပ်တည်းနိုင်ခဲ့လဲတော့ မသိတတ်ပေမယ့် အခုတော့ အဲ့လို ထိန်းချုပ်ခဲ့တာကို Mark နောင်တရမိ၏။

"Donghyuck ... ကလေး ကိုယ့်အသံကို နားထောင်ပါဦး ... Hyuck ..."

ဘယ်အရာကိုမှ မမြင်ချင်၊ မကြားချင်တော့သလို မျက်လုံးစုံမှိတ်ကာ နားနှစ်ဖက်ကို လက်နဲ့ အတင်း အုပ်ထားတဲ့ ကောင်လေးက တစ်စုံတစ်ခုဆီကနေ ရုန်းထွက်ဖို့ ကြိုးစားနေသလို၊ သူ ခေါ်နေတာတောင် မကြားတော့။

မျက်ရည်တွေကလည်း စိုရွှဲစွာ ပါးပြင်တစ်လျှောက် စီးကျနေပေမယ့် ရှိုက်သံလေးပင် ထွက်သွားမှာကို စိုးရိမ်နေပုံ၊ အောက်နှုတ်ခမ်းပါးကို ဖိကိုက်ထားတာကြောင့် သွေးတောင် စို့နေပြီ။

ပုံမှန်ထက်ကို လျင်မြန်လွန်းစွာ နှိမ့်ချည် မြင့်ချည် ဖြစ်နေတဲ့ ရင်ဘတ်ကြောင့် ကောင်လေးအတွက် အသက်ရှူရတာလည်း ခက်ခဲနေသလို။

Donghyuck ရဲ့ ဒဏ်ရာတွေက သိပ်ဆိုးရွားမှန်း Mark သိပေမယ့် ကောင်လေးက ဒီလောက်ထိ ခံစားနေရလိမ့်မယ်လို့ သူ မတွေးမိခဲ့ဘူးလေ။

နေရောင်ခြည်လိုမျိုး တောက်ပတဲ့ ကောင်လေးရဲ့ အပြုံးတွေ နောက်ကွယ်က အမှောင်ထုကြီးကို ပျောက်ကွယ်သွားအောင် သူ ပြန်ကုစားနိုင်တော့ပါ့မလား?

မြင်နေရတာကို နှလုံးသားက သိပ်နာကျင်လွန်းလို့ မခံနိုင်တော့တဲ့ အဆုံးမှာတော့ Donghyuck ရဲ့ လက်နှစ်ဖက်ကို နားအုပ်ထားရာကနေ Mark အတင်းအကြပ်ပင် ဖယ်ရှားကာ ကျစ်ကျစ် ဆုပ်ကိုင်ထားလိုက်၏။

တုန်ယင်နေပြီး ရေခဲတမျှ အေးစက်နေတဲ့ လက်လေးတွေက သူ့ရဲ့ ခပ်နွေးနွေး လက်တို့နဲ့ ထိတွေ့တဲ့အခါမှာတော့ ကောင်လေးက မျက်လုံးတွေကို တဖြည်းဖြည်းချင်း ဖွင့်ကြည့်လာပေမယ့် သူနဲ့ မျက်လုံးချင်းမဆုံ၊ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေ၏။

သို့ပေမယ့် Donghyuck အတွက် အသက်ရှူဖို့ကတော့ ခုနကထက် ပိုခက်ခဲလာသယောင်။

"သဲငယ် ... ကိုယ် ပြောတာကို နားထောင်နော်။ ကိုယ်နဲ့ အတူတူ ဖြည်းဖြည်းချင်း အသက်ရှူရအောင် ဟုတ်ပြီလား? 1 ... 2 ... 3 ..."

something like love - dark ver (happiness) {markhyuck}Where stories live. Discover now