Chapter 31

623 82 1
                                    

(zawgyi)

"ဦးလေးရဲ့ နာမည်ကို ငါတို့ ပြန်ရှင်းပေးနိုင်ခဲ့ပြီ Minhyung. အဲ့တုန်းက ငွေအလွှဲသုံးစားလုပ်ခဲ့မှုက Lee Sungchul ဖြစ်တယ်ဆိုတာ သက်သေတွေက ခိုင်မာတာမို့လို့ သူ့ရဲ့ စွဲချက်တွေထဲ ထပ်ပေါင်းထည့်မယ်တဲ့။ အခုပဲ အမှုစစ် Jung က ဖုန်းဆက်တယ်။ သတင်း မီဒီယာတွေကနေလည်း ခဏနေကျ ကြေငြာ - အဲ မြန်လိုက်တာ ... လာတောင် လာနေပြီပဲ"

တံခါးတောင် မခေါက်နိုင်၊ သူ့ရုံးခန်းထဲကို Taeyong က ဝုန်းဒိုင်းကြဲကာ ဝင်လာပြီး TV ကို ဖွင့်ကြည့်၏။

'Sun Group.co ရဲ့ ဒါရိုက်တာဟောင်း ဖြစ်တဲ့ Lee Sungchul ဟာ ယခုမှာတော့ အမှုပေါင်းများစွာနဲ့ စစ်ဆေး မေးမြန်းခံနေရတဲ့ အပြင် လွန်ခဲ့တဲ့ 12 နှစ်က ကုမ္ပဏီရဲ့ ငွေအလွှဲသုံးစား လုပ်ခဲ့သူကလည်း ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ Lee မျိုးနွယ် မဟုတ်ဘဲ Lee Sungchul ပင် ဖြစ်ကြောင်း သက်သေ အထင်အရှား တွေ့ရတာမို့လို့ စွဲချက်တွေမှာ ထပ်ပေါင်းထည့်ပြီး တရားရုံးတင်ကာ စစ်ဆေး မေးမြန်းသွားမည်ဖြစ်ကြောင်း Seoul အမှုစစ်ခရိုင်ရုံးက ထုတ်ဖော် ပြောကြားထားပါတယ်။ နောက်သတင်းကတော့ ...'

မျှော်လင့်စောင့်စားနေတဲ့ သတင်းကို မြင်ရ၊ ကြားရပြီးတဲ့အခါမှာတော့ Mark ထိုင်နေရာမှ ချက်ချင်း ထရပ်ကာပင် Taeyong ကို ဖက်မိပါ၏။

"ကျေးဇူးတင်ပါတယ် hyung. ဖေဖေ့ရဲ့ အမှုအတွက် အများကြီး ကြိုးစားပေးခဲ့လို့ ..."

သူ့ရဲ့ ရုတ်တရက် အပြုအမူကြောင့် ရှေ့နေကြီးက ခဏတာ အံ့ဩမှင်သက်သွားပေမယ့် သူ့ကို ပြန်ပွေ့ဖက်ကာပင် ကျောကို ခပ်ဖွဖွ ပုတ်ပေး၏။

"မလိုပါဘူးကွာ ... ဦးလေးအတွက် hyung က မဖြစ်မနေ လုပ်ပေးရမှာပေါ့။ ဒါပေမယ့် ဒီကိစ္စမှာ တကယ် ကျေးဇူးတင်သင့်တဲ့သူက hyung မဟုတ်ဘူးဆိုတာ မင်းလည်း သိတယ်မလား?"

"သိပါတယ် hyung. သူ့အပေါ် ကျွန်တော် သေအောင်လောက် ဆိုးသွမ်းခဲ့တာတောင် သူ့မိသားစုကို အဆုံးရှုံးခံပြီး ကူညီပေးခဲ့တာ ... အဲ့အပြစ်တွေကို ဘယ်လို ပြန်ပေးဆပ်ရမလဲတောင် ကျွန်တော် မသိတော့ဘူး ..."

ရှက်ရွံ့စွာပင် ကြမ်းပြင်ကို စိုက်ကြည့်ရင်းသာ Mark ဝန်ခံမိတော့ Taeyong က ဖက်ထားရာက လွှတ်လိုက်ပြီး သူ့ပုခုံးတစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာပင် အားပေးပါ၏။

something like love - dark ver (happiness) {markhyuck}Where stories live. Discover now