Chapter 22

742 89 1
                                    

(zawgyi)

အခုလို အခြေအနေမျိုးမှာ ဒေါသထွက်ပြီး သူ့ကို ဆဲဆိုတာဖြစ်ဖြစ် ရိုက်နှက်တာဖြစ်ဖြစ် လုပ်ရမှာကို အပြစ်တင်စကား ဘာဆိုဘာမှ မပြောဘဲ တစ်ချက်လေး ပြုံးပြကာ ပြတင်းပေါက်ကိုသာ ပြန်ငေးကြည့်နေတဲ့ ကောင်လေးကြောင့် Mark စိတ်တွေ မွန်းကြပ်လွန်းလို့ မျက်ရည်တွေတောင် ဝဲလာမိ၏။

"ဘယ်တော့မှ ပြောပြဖို့ စီစဉ်ထားတာလဲ? အကြောင်းရင်း မရှိဘဲ မင်း သေသွားတော့မှလား?"

ကုတင် အနားမှာ သွားရပ်လိုက်ကာ ကိုယ့်ကိုကိုယ် ဖြစ်နေတဲ့ ဒေါသကြောင့် အသံမြှင့်ကာ မေးမိလိုက်တော့ ကိုယ်လေးက ဆတ်ခနဲ တစ်ချက် တုန်သွားပြီး သူ့ကို မျက်လုံးဝိုင်းလေးတွေနဲ့ မယုံနိုင်စွာ မော့ကြည့်လာ၏။

"ဘာကို?"

"မင်း သွေးကင်ဆာ ဖြစ်နေတယ်ဆိုတာ"

"အာ ..."

အဖြေ တစ်ခုခုကို သူ မျှော်လင့်နေပေမယ့် Donghyuck ဆီက မအံ့ဩတဲ့ ထိုအာမေဍိတ်သံ တိုးတိုးလေးအပြင် ဘာမှထွက်မလာခဲ့။

"စောစောကတည်းက မင်း တစ်ခုခု ပြောပါ့လား! အဲ့လိုဆို -"

သို့ပေမယ့် သူ့ရဲ့ စကားစကို ကောင်လေးရဲ့ တိုးညှင်းတဲ့ အသံလေးကပဲ ပြတ်တောက်စေလိုက်၏။

"အဲ့လိုဆို ဘာဖြစ်ခဲ့မှာလဲ? ကိုကိုက ဂရုစိုက်ခဲ့မှာလား? ကျွန်တော့် စကားကိုရော ယုံတောင် ယုံခဲ့မှာလား? ကျေးဇူးပြုပြီး ကျွန်တော်တို့ ဒီအကြောင်းကို မပြောဘဲ နေရအောင်ပါ။ ကျွန်တော် သေသေ ရှင်ရှင် ... ကိုကို့အတွက် အရေးပါတဲ့အကြောင်းမှ မဟုတ်ဘဲ။ ဒါပေမယ့် ကျွန်တော့် မိသားစုရဲ့ အပြစ်ကြွေးကို ပေးဆပ်မှာမို့လို့ ကျွန်တော့်အပေါ် အရင်ကအတိုင်းပဲ ကိုကို စိတ်ကျေနပ်သလို ပြုမူလို့ ရပါတယ်။ ကျွန်တော့် ရောဂါက အရေးမကြီးပါဘူး ... ဘယ်သူ့အတွက်မှ"

ပင်ပန်းလွန်းလို့ ထင်ပါရဲ့၊ ကောင်လေးက တိုးတိုးသာသာလေးပင် ပြောပေမယ့် ထိုစကားလုံးတွေက သူ့ရဲ့ နားနှစ်ဖက် အနီးမှာ လာအော်ဟစ်နေသလို မခံမရပ်နိုင်လောက်စွာပင် နာကျင်စေ၏။

ထိုနာကျင်မှုက နားနှစ်ဖက် မဟုတ်ဘဲ နှလုံးသား ဖြစ်နေသည်က ပိုဆိုးရွားစေတာပေါ့။

something like love - dark ver (happiness) {markhyuck}Hikayelerin yaşadığı yer. Şimdi keşfedin