Chapter 12

660 82 4
                                    

(zawgyi)

'ေ-ာက္အလုပ္ကို သေချာ လုပ်မနေဘူးလား!! Lee Minhyung ကို ဒါလေး ဖျောင်းဖျခိုင်းတာ ဘာလို့ ဒီလောက် ကြာနေရတာလဲ? နောက်တစ်ပတ်နေလို့မှ Donghyun ရဲ့ ဘဏ်အကောင့်တွေကို Lee Minhyung ပြန်မဖွင့်ပေးသေးလို့ကတော့ မင်း သေပြီသာမှတ်'

ဖခင်ဖြစ်သူဆီက ထူးထူးခြားခြား ဝင်လာတဲ့ message လေးက အကြင်နာတရားနဲ့ နှုတ်ခွန်းဆက်သမှုအပြည့်။

message ကို မြင်ပြီးတာနဲ့ Donghyuck သက်ပြင်းတစ်ချက်ချကာပင် ဖုန်းကို အဝေးတစ်နေရာမှာပဲ ချထားလိုက်၏။

ထိုအကြောင်းနဲ့ ပတ်သတ်ပြီး စကားစကို သူ အခုထိ မဟရဲသေးတာ၊ Lee Mark ကို ဖျောင်းဖျဖို့ဆိုတာ ဝေးလာဝေးပေါ့။

"Donghyuck! အခန်းထဲက ထွက်လာခဲ့ဦး။ မိတ်ဆက်ပေးစရာ ဧည့်သည် ရှိတယ်"

Donghyun ရဲ့ ပြဿနာအကြောင်းပဲ စိတ်ရောက်နေတာ၊ ဧည့်ခန်းထဲကနေ Mark ရဲ့ အော်ခေါ်သံကြားမှပဲ သူ့အတွေးစလေးတွေ ပြတ်သွား၏။

အခန်းထဲမှာ ပုံထိုင်ဆွဲနေရာက ကမန်းကတန်း ထသွားလိုက်တော့ ပါးမှာ ပေနေတဲ့ ရေစို
ဆေးရောင်စုံတွေကိုတောင် သုတ်ဖို့ မေ့သွားခဲ့တာ၊ ဧည့်သည်က သူ့ကိုမြင်ပြီး နှာခေါင်းရှုံ့ ပြတော့မှပဲ ကိုယ့်ကိုကိုယ် သတိထားမိတော့သည်။

Mark ကတော့ သူ့ကို ဘာအရေးမှမစိုက်၊ အနားမှာ ရပ်နေတဲ့ ခပ်ကျော့ကျော့ အမျိုးသမီးကိုသာ သူနဲ့ မိတ်ဆက်ပေး၏။

"Donghyuck ... သူက Kwon Nayeon လို့ ခေါ်တယ်။ အထက်တန်းတုန်းက ခင်ခဲ့တဲ့ သူငယ်ချင်း။ နောက်အပတ်ကျရင် Korea မှာ ကျင်းပတဲ့ ပွဲတစ်ခုကို တက်ရမှာမလို့ Chicago ကနေ လာခဲ့တာ။ အဲ့တာ ပွဲပြီးတဲ့အထိ အိမ်မှာ နှစ်ပတ်လောက် နေလိမ့်မယ်"

နောက်ဆုံး ကြားလိုက်ရတဲ့ စကားကြောင့် Donghyuck နည်းနည်းတောင် ကြောင်သွား၏။

Lee Mark က တစ်ခုခုဆို ဘယ်တော့မှ ကြိုမပြောတတ်ဘူး ထင်ပါရဲ့။

"မင်း သိထားတဲ့အတိုင်း သူက Lee Donghyuck ပဲ Nayeon. မင်း လိုအပ်တာ တစ်ခုခု ရှိရင် Donghyuck ကို အချိန်မရွေး အကူအညီတောင်းနိုင်တယ်"

သူ့နာမည်အရင်းနဲ့ မိတ်ဆက်ပေးလိုက်တော့ သူမကလည်း သူတို့အကြောင်းစုံ သိထားတဲ့ သူများလား?

something like love - dark ver (happiness) {markhyuck}Where stories live. Discover now