Chapter 23

740 94 3
                                    

(zawgyi)

'Mark ... ကုသမှုက ထင်ထားသလောက် ထိရောက်မှု ရှိမနေဘူး'

'ဘာကို ဆိုလိုတာလဲ hyung?'

'လူနာက နေပြန်ကောင်းလာဖို့ ကြိုးစားချင်စိတ် လုံးဝ မရှိဘူးဆိုရင် ဘယ်ကုသနည်းမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး Mark. ဒါက Donghyuck နဲ့ သက်ဆိုင်တဲ့ ပြဿနာဆိုပေမယ့် ပိုဆိုးတဲ့ ပြဿနာက မင်းပဲ။ ကင်ဆာဖြစ်နေတဲ့သူတစ်ယောက်အတွက် အားပေးမှုတွေ အများကြီး လိုအပ်တယ်။ နဂိုကမှ ရောဂါကို မကုသချင်တဲ့ ကောင်လေးကို အတင်းအကြပ် ကုသမှု ခံယူခိုင်းပြီး ဘေးကနေ ဂရုလည်း မစိုက်ပေး၊ အားလည်းမပေးဘဲ အမြဲတမ်း တစ်ယောက်တည်း ပစ်ထားနေတာ။ မင်း အခု လုပ်နေတာက Donghyuck ကို ထောင်ထဲမှာ နေခိုင်းနေတာနဲ့ အတူတူပဲဆိုတာ သိရဲ့လား?

ဆေးတွေက ပြင်းရတဲ့ကြားထဲ ကောင်လေးက စိတ်ရောဂါ ဆရာဝန်နဲ့တောင် ပြရလောက်အောင် စိတ်ဓာတ်ကျနေလို့ ခန္ဓာကိုယ်ဆို အရိုးနဲ့အရေပဲ ကျန်တော့တယ်။ မင်း အဲ့တာကိုလည်း သတိမထားမိဘူးမလား? chemotherapy ကုသမှုက မနာကျင်ပေမယ့် အဲ့ဆေးတွေက ခန္ဓာကိုယ်ထဲက ရှိသမျှ အားတွေကို အကုန် စုပ်ထုတ်လိုက်သလိုပဲ။ တစ်ခါ ကုသမှု ပြီးသွားတိုင်း ကောင်လေးက နှစ်ရက်လောက် အိပ်ယာထဲကတောင် မထနိုင်ဘူး။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကောင်လေးရဲ့ ရောဂါက အရင်ကထက် ပိုဆိုးလာရုံပဲ ရှိမယ် Mark ...'

ဒီရက်ပိုင်းလေးအတွင်းမှာကို ပါးရိုးတွေက ထင်ထင်ရှားရှားကို ပေါ်လာပြီး မျက်ကွင်းတွေကလည်း ညိုပြီး ချိုင့်ကျနေတဲ့ ကောင်လေးရဲ့ အသွင်အပြင်ကြောင့် Doyoung ပြောခဲ့တဲ့ စကားတွေက သူ့မျက်နှာတည့်တည့်ကို ရေခဲရေနဲ့ ပတ်လိုက်သလိုပါပဲ။

ညနေတုန်းက Donghyuck ဆီ မရောက်ခင်၊ ဆေးရုံထဲ ဝင်ဝင်လာချင်းမှာပဲ Doyoung နဲ့ ဆုံမိတော့ ဆရာဝန်ကြီးက ပြောစရာ ရှိတယ်ဆိုပြီး သူ့ကို ခေါ်ဆူခဲ့သည်လေ။ အဲ့တုန်းက ကောင်လေးကို တွေ့ရဖို့သာ စိတ်လောနေခဲ့တော့ သတိပေးစကားတွေကို သိပ်ဂရုမစိုက်ခဲ့ပေမယ့် အခုတော့ ဆန်ပြုတ် စားနေတာတောင် မသိမသာ တုန်နေတဲ့ ဇွန်းကိုင်ထားတဲ့ သူ့ရဲ့ လက်ကလေးက ထိုစကားတွေက သွေးထွက်အောင် မှန်ကန်ကြောင်း သက်သေပြနေ၏။

something like love - dark ver (happiness) {markhyuck}Where stories live. Discover now