Chapter 17

709 90 8
                                    

(zawgyi)

အကောင်းကြီး နေနေရာကနေ လွန်ခဲ့တဲ့ ငါးရက် (သူ့မွေးနေ့) ကတည်းက အခုထိ မပျောက်နိုင်သေးတဲ့ သူ့ရဲ့ အဖျားက တဖြည်းဖြည်း ပိုဆိုးလာ၏။

အဖျားကြီးတာတော့ မဟုတ်ပေမယ့် ကိုယ်က အခုတလော အမြဲတမ်း တငွေ့ငွေ့နဲ့။

နှာခေါင်းသွေးကလည်း နေ့တိုင်းနီးပါး လျှံ၏။

အဆိုးဆုံးကတော့ စားလိုက်သမျှ အကုန် ပြန်အန်ထွက်နေလို့ လေပြင်း တစ်ချက်ဝှေ့လိုက်တာနဲ့ လဲကျတော့မယ့်အတိုင်း လမ်းလျှောက်ရင်တောင် ယိုင်တိုင်တိုင် ဖြစ်နေသည်လေ။

အမြဲတမ်း လုပ်နေကျ ဘာမှ အပန်းမကြီးတဲ့ အပင်လေးတွေကို ရေလောင်း ပေါင်းသင်နေရင်းတောင် လက်တွေက တဆတ်ဆတ် တုန်ပြီး မူးမေ့လဲတော့မလို တအားမောလာလို့ Donghyuck အခုဆို ဘာကိုမှ အားစိုက်ပြီး သိပ်မလုပ်ရဲတော့။

ဆေးမျိုးစုံ သောက်ပြီးပေမယ့်လည်း နည်းနည်းလေးတောင် မပျောက်ကင်းတာကြောင့် သူလည်း စိတ်တွေဆင်းရဲနေပြီ။

သို့ပေမယ့် ဒါတွေကို ခံစားနေရတဲ့ သူကိုယ်တိုင်က လွဲပြီး ဘယ်သူမှ မရိပ်မိကြဘူးဆိုတာကလည်း အံ့ဩစရာ မဟုတ်တော့ပါဘူး။

တစ်မိုးအောက်ထဲ နေနေတဲ့ Lee Mark ကလည်း သူ့ကို သတိထားမိဖို့ မပြောနဲ့၊ project မျိုးစုံနဲ့ အလုပ်တွေ တအားရှုပ်နေလို့ အခုတလော အိမ်ကိုတောင် သိပ်ပြန်မလာဖြစ်ဘူးလေ။

Kwon Nayeon ကတော့ သူနဲ့အတူ အမြဲ အိမ်မှာ ရှိနေပြီး အကုန် တွေ့မြင်နေရပေမယ့် Donghyuck က အလုပ် မလုပ်ချင်လို့သာ သရုပ်ဆောင်ပြပြီး ချောင်ခိုနေတယ်လို့ ထင်နေတာဟာလည်း မဆန်း။

သူကလည်း အရေးလုပ်ပြီး ရှင်းပြနိုင်စွမ်းကို မရှိတာမို့လို့ သူမရဲ့ အရွဲ့တိုက်၊ ခနဲ့တဲ့ စကားတွေကို မသိချင်ယောင်ဆောင်ကာပင် နေနေလိုက်ပါ၏။

ဒါပေမယ့် ဘယ်လိုပဲလုပ်လုပ် မသက်သာနိုင်တဲ့ ဒီဝေဒနာတွေကို Donghyuck သည်းမခံနိုင်တော့။

အဲ့တာကြောင့်ပဲ ဆေးရုံကို သူ အခုလို ရောက်လာခဲ့ရခြင်းပင်။

ဆရာဝန်နဲ့ တွေ့ဖို့အတွက် အခန်း အပြင်ဘက်က ခုံတန်းလေးမှာ ထိုင်စောင့်နေရင်း စိတ်တအားလှုပ်ရှားလာလို့ ဂျင်းဘောင်းဘီက ဖွာထွက်နေတဲ့ ကြိုးစလေးတွေကို Donghyuck ဆွဲဖြဲနေမိ၏။

something like love - dark ver (happiness) {markhyuck}Dove le storie prendono vita. Scoprilo ora