Chapter 1

831 90 0
                                    

(zawgyi)

2021ခုနှစ် 2လပိုင်း ...

လက်ထပ်ပွဲ။

လက်ထပ်ပွဲတွေ ကျင်းပကြတဲ့ အဓိက အကြောင်းရင်းက တစ်ယောက် မရှိရင် တစ်ယောက် မနေနိုင်ရလောက်အောင် ချစ်ကျွမ်းဝင်နေကြတဲ့ ကာယကံရှင်နှစ်ဦးကြောင့်ဆိုရင် ...

တစ်ယောက်ကို တစ်ယောက်တောင် မသိတဲ့ အချစ်မပါဘဲ ကျင်းပတဲ့ လက်ထပ်ပွဲကိုကျတော့ရော ...

ဘာလို့ လုပ်ကြတာလဲ?

"Donghyuck မင်းက Donghyun ရဲ့ လူစားထိုးဆိုတာ မမေ့နဲ့။ ဒါပေမယ့် မင်းက Lee Donghyuck ဆိုတာလည်း သူ မသိစေနဲ့။ သူ သိသွားပြီး ငါတို့ လုပ်ငန်းကို ဆက်မထောက်ပံ့ပေးဘူးဆိုလို့ကတော့ အဲ့နေ့ကျ မင်းအသေပဲ။ အော် ... ပြီးတော့ ရှိသေးတယ်။ လက်ထပ်ပြီးလို့ ငါတို့ဆီက လွှတ်ပြီဆိုပြီး အပျော်လွန်မနေနဲ့ဦး" 

မသိတဲ့သူတွေ ကြည့်ရင်တော့ ဖခင်က သားကို နက်ခ်တိုင်လေး စီးပေးပြီး လက်မထပ်ခင် အမှာစကား ပြောနေတာပေါ့။

တကယ်လည်း အားလုံး ထင်တဲ့အတိုင်းပင် အမှာစကား ပြောနေတာပါ။

သို့ပေမယ့် ကောင်းသော အမှာစကားတော့မဟုတ်။

အမှာစကားဆိုတာထက် သတိပေးနေခြင်း။

နက်ခ်တိုင် စီးပေးနေတယ်ဆိုတာကလည်း လည်ပင်းညှစ်နေသယောင် တင်းကြပ်လှ၏။

"ငါပြောနေတာတွေကို ကြားလား! အ,နေလား? ငါပြောတာကို ဘာလို့ ပြန်မဖြေတာလဲ!!"

တဖြည်းဖြည်း တင်းလာတဲ့ နက်ခ်တိုင်ကြောင့် အသက်တောင်မနည်းရှူနေရလို့  ပြန်မဖြေမိတော့ အော်မေးသံနဲ့အတူ သူ့ပါးပြင်ပေါ်ရောက်လာတဲ့ ဖခင်ဖြစ်သူရဲ့ လက်ဝါး။

"ဟုတ်-ဟုတ် ကြားပါတယ် ဖေဖေ"

ပါးပြင်တစ်ခုလုံး ပူထူသွားပေမယ့် ဒီလိုမျိုး အခြေအနေဟာ သူ့အတွက် မဆန်းသစ်တော့တာမို့လို့ အရင်ကလို မျက်ရည်တွေကို အလကား မဖြုန်းမိတော့ပါဘူး။

"ငါမေးရင် ပြန်ဖြေဆိုတာ ဘယ်နှခေါက် ပြောနေရမှာလဲ? မင်းရဲ့ေ-ာက်ဦးနှောက်က မကောင်းတော့ -"

ထိုစဉ်မှာပင် အခန်းတံခါး လာခေါက်သံက စကားစကို ပြတ်သွားစေ၏။

something like love - dark ver (happiness) {markhyuck}Där berättelser lever. Upptäck nu