Chapter 30

617 90 1
                                    

(zawgyi)

"Donghyuck ... ဒီတစ်ခါလည်း အားတင်းထားပေးဦးနော်။ 2 နာရီပါပဲ ဟုတ်ပြီလား?  အဲ့ 2 နာရီအတွင်းမှာ Lee Mark ကို ကြိုက်သလိုသာ ခိုင်းစား။ ပျင်းလာရင် ကပြခိုင်း၊ သီချင်းလည်း ဆိုပြခိုင်း သိလား။ သူက rap လည်း ရွတ်တတ်တယ်"

"ဟာ Doyoung hyung!"

Doyoung hyung က သူ ဘယ်သူ့မှ မသိစေချင်လို့ကို လျှို့ဝှက်ထားတဲ့ အကြောင်းတွေပါ ထုတ်ပြောလာတော့ Mark ရှက်ရမ်းရမ်းကာ ထအော်မိပေမယ့် ကောင်လေးက တခစ်ခစ်နဲ့ ရယ်နေ၏။

"ကလေးလေး လုပ်ခိုင်းသလို သူ မလုပ်ဘူးဆိုရင် hyung ကို ပြန်ပြောနော်"

ထိုစကားကို Donghyuck က ပြုံးရယ်ကာပင် ခေါင်းငြိမ့်ပြပြီးတဲ့အခါမှာတော့ Doyoung က သဘောကျစွာ သူ့ရဲ့ ခေါင်းလေးကို ဖွပြီး အခန်းထဲက ထွက်သွားခဲ့၏။

ထိုအခါမှပဲ Mark သက်ပြင်းရှည်ကြီး တစ်ချက်သာ တိတ်တဆိတ် ချမိသည်။ မဟုတ်ရင် အဲ့လူကြီးက သူ့အကြောင်း ဘာတွေ ထပ်လှော်ဦးမလဲ မသိဘူးလေ။ Taeyong ရဲ့ ကြိတ်ကြွေနေရသူ ဖြစ်ပြီး အမြဲ တပူးပူး တတွဲတွဲ ရှိနေလို့ သူလည်း Doyoung ကို အစ်ကိုတစ်ယောက်လိုပဲ ရင်းနှီးမိကာ အကြောင်းစုံ အကုန် ပြောပြခဲ့မိပါတယ်၊ အခုတော့ အမှားကြီး မှားတာပါပဲ။

"ကိုကိုက ... rap ရွတ်တယ်လား? Lee Mark ကလေ! လုံးဝ မထင်မှတ်ထားတာပဲ"

အခုထိ တခွိခွိနဲ့ ရယ်နေဆဲဖြစ်တဲ့ ကောင်လေးက သူ့ကို စိုက်ကြည့်ကာ 8ခုမြောက်သော ကမ္ဘာ့အံ့ဖွယ်ကို တွေ့လိုက်ရသလို အံ့ဩမှင်သက်တဲ့ အမူအရာမျိုး အလွန်အကဲကို လုပ်ပြပြီး မထိတထိလေး လာစသည်လေ။

သို့ပေမယ့်လည်း အခုလို ပြုံးရယ်နေတဲ့ Donghyuck က သူ့အတွက်တော့ စိတ်အေးချမ်းရာလေးပင်။

"ကိုယ့်ကို သီချင်းမဆိုနိုင်ဘူး ထင်လို့လား?"

ကုတင်ဘေးနားမှာ ခုံတစ်ခုံကို Mark ဆွဲထိုင်လိုက်ပြီး ကောင်လေးရဲ့ ဆေးပိုက်တွေ သွင်းထားတဲ့ လက်လေးကို အတတ်နိုင်ဆုံး ညင်ညင်သာသာလေးပင် ကိုင်လိုက်ကာ မေးတော့ Donghyuck က ခပ်ဖျော့ဖျော့လေးသာ ပြန်ပြုံးပြ၏။

"ကိုကို့ရဲ့ အေးစက်စက်ပုံစံက သီချင်းတွေကို မခံစားတတ်တဲ့သူနဲ့ တူတယ်လေ"

something like love - dark ver (happiness) {markhyuck}Where stories live. Discover now