Chapter 14

665 99 2
                                    

(zawgyi)

'ကျေးဇူးပြု၍ နားဆင်ပါရှင်။ Incheon မှ Frankfurt သို့ ထွက်ခွာမည့် လေယာဉ်အမှတ် N234DE သည် နောက် 15 မိနစ်အတွင်း ထွက်ခွာမည် ဖြစ်ပါသဖြင့် လိုက်ပါမည့် ခရီးသည်များအား ဂိတ် 2F သို့ သွားရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ... ကျေးဇူးပြု၍ နားဆင် -'

လေဆိပ်မှာ ထိုင်စောင့်နေရင်း စပီကာကနေ ပျံ့လွှင့်လာတဲ့ ကြေငြာချက်ကြောင့် Jeno နဲ့ Donghyuck လည်း စကားလက်စကို အဆုံးသတ်လိုက်ပြီး အခြား ခရီးသည်တွေနဲ့အတူ သွားခိုင်းတဲ့ ဂိတ်ဆီ လာလိုက်၏။

"passport ရော၊ လေယာဉ်လက်မှတ်ရော ပါတာ သေချာတယ်နော်?"

လေယာဉ်ပေါ် မတက်ခင် စစ်ဆေးမယ့် ဂိတ်ပေါက်နားကို ရောက်တော့ Donghyuck က စိုးရိမ်စွာ တစ်ဖန် ထပ်မေးပြန်၏။

"ဒီမှာ ကိုင်ထားပါတယ်ဗျာ"

"ဟုတ်ပြီ ဟုတ်ပြီ။ လေယာဉ်ပေါ်မှာ အေးရင် ဝတ်ဖို့ရော အင်္ကျီလက်ရှည်ရော သက်သက် ထုတ်ထားတယ်မလား? ခေါင်းမူးရင် သောက်ဖို့ ဆေးတွေရော ပါတယ်နော်?"

ဒီတစ်ခါမှာတော့ သူ့ရဲ့ အမေးကို Jeno က ပြန်မဖြေတော့ဘဲ လက်ဆွဲအိတ်ကိုသာ ဖွင့်ပြတော့၏။

"အင်းပါ အင်းပါ။ လိုအပ်တာတွေ အကုန် ပါပြီဆိုတော့ ရပါပြီကွာ။ ငါ့ခွေးပေါက်လေး -"

အမှာစကား ထပ်ပြောမလို့ရှိသေး၊ ရုတ်တရက်ကြီး သူ့ကို ပစ်ဖက်လိုက်တဲ့ Jeno ကြောင့် Donghyuck ခမျာ အနောက်ကို ယိုင်လဲတော့မလိုတောင် ဖြစ်သွား၏။

သို့ပေမယ့်လည်း Jeno ကို သူ တင်းကြပ်စွာပင် ပြန်ဖက်ထားမိပါ၏။

ကျလုဆဲဆဲ မျက်ရည်တွေကို ထိန်းထားရင်းပေါ့။

"ငါတို့ Jeno လေး ... ဟိုရောက်ရင်လည်း ထမင်း ပုံမှန်စားဖို့ မမေ့နဲ့နော်။ မနက်စာကို အငတ်မခံဘဲ သေချာ စားဖြစ်အောင်စား ကြားလား! စာတွေ များလို့လည်း ညလုံးပေါက်တဲ့အထိ နေမနေနဲ့၊ အိပ်ရေးလည်း ဝအောင်အိပ်နော်။ တစ်နေ့ တစ်ခါလောက်တော့ အခန်း ပြတင်းပေါက်လည်း ဖွင့်ပေး၊ အဲ့တာမှ နေရောင်ခြည်လေး ဘာလေး ရမှာ။ ခေါင်းကိုက်ပျောက်ဆေးနဲ့ ဝမ်းလျှောတာ သက်သာတဲ့ ဆေးကိုလည်း မှားမသောက်မိစေနဲ့ဦး။ အပြင်စာတွေလည်း အများကြီးဇွတ်မစားနဲ့နော်။ ကော်ဖီတွေလည်း လျှော့သောက် ... ဟုတ်ပြီလား?"

something like love - dark ver (happiness) {markhyuck}Where stories live. Discover now